Social Icons

Thursday, December 4, 2014

Shion - ဆောင်းရာသီမှာ လုံခြုံ နွေးထွေးပြီး လှပ အထာကျစေဖို့


အအေးပိုတဲ့ ဆောင်းတွင်းမှာ အတိုအပြတ်တွေ ၀တ်ဖို့ ဘယ်လိုမှ အဆင်မပြေပါဘူး။ လုံခြုံပြီးအထာကျတဲ့ ဒီဇိုင်းတွေကိုသာ ရွေးချယ်ဝတ်ရမယ့် အနေအထားတစ်ခု ဖြစ်တာကြောင့် နေ့တိုင်း တစ်နေ့တစ်မျိုး လှနေနိုင်အောင် အမိုက်စား ဖက်ရှင်တွေကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

၁။ခုလက်ရှိ ဖက်ရှင်ဆိုင်တွေမှာ တွေ့နေရတဲ့ ဆွယ်တာအပါးလေးတွေကို Boyfriend ဂျင်းနဲ့ တွဲဝတ်ပါ။ ဒါဟာ အထာကျပြီး ဘယ်တော့မှ မရိုးစေတဲ့ ဖက်ရှင်တစ်ခုပါပဲ။


၂။ကုမ္ပဏီသွားရမယ့် ပျိုမေတွေအတွက် အမိုက်စား ဖက်ရှင်ပါပဲ။ အောက်က စွတ်ကျယ် မဟုတ်တောင် တီရှပ်လေးခံပြီး အပေါ်က ခုလို ကုတ်အကျီင်္ံလေးကို ထပ်ဝတ်ကြည့်လိုက်ပါ။ ဘောင်းဘီကိုတော့ လည်သာ အဆင်မပြေရင် skinny jean အစားထိုးဖို့ အကြံပေးချင်ပါတယ်။


၃။ညဘက်သူငယ်ချင်းတွေနဲ့ night out ထွက်တော့မယ်ဆိုရင် ဒီဖက်ရှင်က တကယ့်အမိုက်စားပါပဲ။ ရိုးရှင်းပေမယ့် လည်သာတွေက ဘယ်တော့မှ ဒိတ်အောက်မသွားဘူးလေ။ ဆောင်းတွင်းနဲ့ ကိုက်မှကိုက်။


၎။ဆွယ်တာအထူ၊ ဒါမှမဟုတ် အပါးကို skinny jean နဲ့ တွဲဝတ်ပြီး ဒေါက်မြင့်ဖိနပ်စီးလိုက်ပါ။ pencil heel မစီးနိုင်ရင်လည်း တပြေးညီဖြစ်ပြီး ကိုယ့်ကိုသက်သောင့် သက်သာဖြစ်စေမယ့် heel မျိုးကို ရွေးစီးလိုက်ပေါ့။


၅။ဂျင်းဂျတ်ကတ်ဆိုတာ ဆောင်းတွင်းအတွက် အသင့်တော်ဆုံး နဲ့ အလိုက်ဖက်ဆုံးပါ။ ကိုယ်က အအေးကြောက်တယ်ဆိုရင်တော့ ခုလို နှစ်ထပ်၊ သုံးထပ်ဝတ်ပြီး နွေးနွေးထွေးထွေးလေး နေပါ။


Ref:lookbook.nu

No comments:

Post a Comment

 
Blogger Templates