Social Icons

Saturday, December 6, 2014

Shion - တစ်နာရီ မိုင် ၂၀၀ နှုန်းနဲ့ မိုင် ၂၀၀၀ ထိကို အကြော်ခံဆီ တစ်တိုင်ကီနဲ့ မောင်းနိုင်တဲ့ Trident Iceni


Iceni မော်ဒယ် ဟာ ကမ္ဘာ့ လောင်စာဆီအသက်သာဆုံး ပြိုင်ကား ဖြစ်တယ်လို့ Trident ကုမ္ပဏီက အတည်ပြု ပြောကြားလိုက်ပါတယ်။ ဇီဝလောင်စာ ဒါမှမဟုတ် ဓာတ်သတ္တု တစ်တိုင်ကီ တည်းနဲ့ မိုင် ၂၀၀၀ ခရီးကို မောင်းနိုင်တယ်လို့ သတင်းရရှိပါတယ်။

Trident Iceni ရဲ့အင်ဂျင်မှာ မြန်နှုန်းနဲ့ လောင်စာသက်သာဖို့အတွက် ‘လိမ်အားဆတိုးပွား နည်းပညာ’ ကို အသုံးပြုထားပါတယ်။

Iceni Magna, Convertible နဲ့ Venturer estate ဆိုပြီး မော်ဒယ် ၃မျိုး ထုတ်လုပ်ထားပါတယ်။ ဗားရှင်း နှစ်မျိုးစလုံးမှာ ဟင်းချက်ဆီ၊ မုန်ညင်းဆီ တို့လို သန့်စင်တဲ့ ဇီဝလောင်စာဆီတွေနဲ့ မောင်းနှင်နိုင်ပါတယ်။

Convertible မော်ဒယ်မှာ မောင်းသူဘက်က အမိုးကိုပိတ်ထားစဉ်၊ လိုက်ပါစီးနင်းသူဘက်က အမိုးကို ဖွင့်ထားနိုင်ပါတယ်။ အပြန်အလှန်ပါပဲ။

အခြေခံဗားရှင်းအတွက် ကန်ဒေါ်လာ ၁၆၁၅၇၈ ကစပြီး ဈေးရှိပါတယ်။

Ref:dailymail.co.uk

No comments:

Post a Comment

 
Blogger Templates