ဖက်ရှင်ရေစီးကြောင်းကနေ ဘယ်တော့မှ ဖယ်ထုတ်ဖို့မဖြစ်နိုင်တဲ့အရာကတော့ ဂျင်းပါပဲ။ ခေတ်အဆက်ဆက် ဒီဇိုင်နာတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေရဲ့ အခြေခံအကျဆုံးနဲ့ အထာအကျဆုံးလို့ ဖက်ရှင်နဲ့ ပတ်သက်လို့ စိတ်ထဲစွဲနေတဲ့အရာကတော့ ဂျင်းကလွဲပြီး ဘာများဖြစ်နိုင်ဦးမှာလဲ။ ဒီဇိုင်နာတွေရဲ့ စိတ်ကူးစိတ်သန်းတွေအပြင် အနုပညာရှင်တွေရဲ့ ဖက်ရှင်နဲ့ပတ်သက်တဲ့ တွဲဖက်ဆင်မြန်းနိုင်မှုကိုလည်း မေ့ထားလို့မရပြန်တာကြောင့် ဂျင်းနဲ့ ပတ်သက်ပြီး သူတို့တွေရဲ့ ဖက်ရှင်ဘယ်လိုရှိမလဲဆိုတာ တစ်ချက်ကြည့်လိုက်ကြရအောင်။
၁။Rosie Haunting-Whiteley ရဲ့ ဖက်ရှင်ကို ကြည့်လိုက်ပါဦး။ Sweatshirt နဲ့ ဂျင်းနဲ့ တွဲဝတ်ထားတာ ရိုးရှင်းပေမယ့် အထာကျပါတယ်။
၂။Dianna Agron ရဲ့ crop ဂျင်းဂျက်ကတ်ကတော့ dress နဲ့ဖြစ်ဖြစ်၊ ရိုးရိုး tee တွေနဲ့ဖြစ်ဖြစ် တွဲဝတ်လို့ အိုကေပါတယ်။
၃။မော်ဒယ် Miranda Kerr ရဲ့ ဂျင်းကို လည်သာနဲ့တွဲဖက် ၀တ်ဆင်ထားပုံက တော်တော်လေးကို ဂေါ်ပါတယ်။ ပွဲတက်အထိ ၀တ်လို့ရတဲ့ ဖက်ရှင်ပေါ့။
၎။Jamie King ရဲ့ ဂျင်း shirtdress ကလည်း ပေါ့ပေါ့ပါးပါးနဲ့ ဆွဲဆောင်မှုရှိနေပါတယ်။
၅။Emma Watson ရဲ့ Overall ဖက်ရှင်ကတော့ ထသွားထလာ ၀တ်ဆင်ဖို့အတွက် အမိုက်ဆုံးပါပဲ။ လူငယ်လည်း တော်တော်ဆန်တယ်လေ။
၆။Mandy More ရဲ့ cropped ဂျင်းကလည်း သူမနဲ့ fit size ပါပဲ။
၇။Kate Moss ရဲ့ distressed ဂျင်းကိုလည်း ကြည့်လိုက်ပါဦး။ ဒီလို ဒီဇိုင်းမျိုးဆိုရင်လည်း ကိုယ့်ဘာသာကိုယ် ဒီဇိုင်းပြန်ဖန်တီးလို့ရတယ်နော်။
Ref:harpersbazaar.com