Social Icons

Thursday, December 4, 2014

Shion - ခရီးသွားဖို့ အကောင်းဆုံးနေရာ ( ၁၀ ) ခု အပိုင်း ( ၁ )


ဒီဇင်ဘာကာလဟာ ခရီးသွားဖို့ အကောင်းဆုံးအချိန်ပါ။ အားလပ်ရက်တွေလည်းရှိတယ်၊ အေးချမ်းတဲ့ရာသီလည်းဖြစ်တာကြောင့် ဒီဇင်ဘာ အားလပ်ရက်မှာ ဘယ်နေရာသွားရင် သင့်တော်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။

၁။ သီရိလင်္ကာ



ကောင်းကွက်များ - ယဉ်ကျေးမှု၊ လူလည်ပါတ်မှုနည်းခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း

၂၀၀၄ ခုနှစ်ဆူနာမီရဲ့ကြေကွဲဖွယ်ရာ ရိုက်ခတ်မှုနဲ့ ၁၉၈၃ ကနေ ၂၀၀၉ အထိဖြစ်ပွားခဲ့တဲ့ပြည်တွင်းစစ်ကြောင့် နိုင်ငံရဲ့ဒေသတော်တော်များများမှာ သတ္တိရှိပါတယ်ဆိုတဲ့ခရီးသွားတွေအတွက်တောင် ရှောင်ရမယ့်နေရာတွေဖြစ်နေခဲ့ပါတယ်။ အခုအခါမှာတော့ ခါးသီးတဲ့ အငြင်းပွားမှုတွေပြီးဆုံးခဲ့ပြီး ရင်းနှီးမြှပ်နှံမှုတွေက ခရီးသွားလုပ်ငန်းကို အားပေးအားမြှောက်လုပ်နေပါတယ်။ ပြီးတော့ လာရောက်လည်ပါတ်သူတွေရဲ့အရေအတွက်ဟာလည်း တဖြည်းဖြည်းတိုးတက်လာပါတယ်။ ကုန်ဈေးနှုန်းတွေကတော့ မိုက်ပါတယ်။ ပြီးတော့ ဘန်ကောက်ကနေ အငြိမ်လေးသွားနိုင်ပြီး ဈေးနှုန်းသက်သာတဲ့လေကြောင်းလိုင်းကြောင့် သီရိလင်္ကာနိုင်ငံဟာ ခရီးသွားစရိတ်အရ ကမ္ဘာပေါ်မှာအကောင်းဆုံး လည်ပါတ်ရမယ့်ဒေသတွေထဲကတစ်ခုဖြစ်လာပါတယ်။

၂။ မွန်တီနီဂရို



ကောင်းကွက် - လှုပ်ရှားမှုမှား၊ စွန့်စားမှုများ၊ လူလည်ပါတ်မှုနည်းခြင်း

သင့်ရဲ့စိတ်ကိုပြုစားနိုင်တဲ့ Kotor Bay နဲ့ သူ့ရဲ့ကမ်းခြေတစ်လျောက်က အသက်ဝင်နေတဲ့နေရာတွေကြောင့် မွန်တီနီဂရိုမှာတော့ သဘာဝတရားကြီးဟာ ဖန်တီးမှုကောင်းပြီး များစွာသော အသစ်အသစ်တွေကို ပေးစွမ်းနေပါတယ်။ ဒါပေမယ့် မွန်တီနီဂရို ရဲ့အလှတရားဟာ တောနက်ထဲမှာ ကြမ်တမ်းပြီး အတွင်းပိုင်းမှာတော့ခက်ထန်တဲ့အတွက် ရပ်ဝေခရီးသွား ဘွတ်ဖိနပ်တွေကို သင့်ရဲ့ ရေကူးဝတ်စုံနဲ့တစ်ပါတည်းယူဆောင်သွားဖို့မမေ့ပါနဲ့။ တဖြည်းဖြည်းကြီးထွားလာတဲ့ ရပ်ဝေးခရီးသွားလမ်းကြောင်း၊ စက်ဘီး/ဆိုက်ကယ်လမ်းနဲ့ တိုးတက်ကောင်းမွန်လာတဲ့ အခြေခံအဆောက်အအုံတွေက သဘာဝတရားရဲ့ ခမ်းနားတဲ့အခင်းအကျင်းကို ကျွန်န်ုပ်တို့အတွက်လက်လှမ်းမှီစေပါတယ်။ ပြီးတော့ဒေသခံတွေအတွက်လဲ အလုပ်အကိုင်အခွင့်အလမ်းတွေပေးစွမ်းနေပါတယ်။

၃။ တောင်ကိုရီးယား



ကောင်းကွက်များ - လှုပ်ရှားမှုများ၊ ပွဲလမ်းသဘင်များ

တောင်ကိုရီးယားနိုင်ငံဟာ ဂေါက်ရိုက်ခြင်း၊ ရပ်းဝေးလမ်းလျှောက်ခြင်း၊ ငါးဖမ်းခြင်းစတဲ့ လှုပ်ရှားမှုတွေနဲ့အတူ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ပြင်ပထွက်ပြီးလည်ပါတ်စရာနေရာတစ်ခုအဖြစ် ဖွံ့ဖြိုးလာပါပြီ။ အခုမှအကုန်အစင်ရှာတွေ့တဲ့နိုင်ငံတစ်ခုမဟုတ်ပေမယ့် နိုင်ငံရဲ့ပြင်ပကလူတော်တော်များများက ဌင်းရဲ့အကြောင်းကိုမသိသေးပါဘူး။ အဓိကအားကစားပြိုင်ပွဲလှုပ်ရှားမှုတွေကြောင့် ကမ္ဘာ့စင်မြင့်ပေါ်ကို တဟုန်ထိုးတက်လာတဲ့ဒီနိုင်ငံရဲ့ လူသူမသိမှုတွေက ၂၀၁၃ မှာပျောက်ကွယ်ခဲ့ပါတယ်။

၎။ အီကွေဒေါ



ကောင်းကွက်များ - အစားအသောက်၊ လူလည်ပါတ်မှုနည်းခြင်း၊ လှုပ်ရှားမှုများ

အီကွေဒေါရဲ့ မီးရထားလမ်းကြောင်းကို လူမျိုးပေါင်းဆုံ စုပေါင်းနေထိုင်လာပြီဖြစ်တဲ့ Quito မြို့ကနေ ကမ်းခြေမြို့ဖြစ်တဲ့ Guayaquil အထိဖေါက်ခဲ့တဲ့ လမ်းကြောင်းနဲ့အတူ ၂၀၁၃ ခုနှစ်မှာ ကောင်းမွန်တဲ့တိုးတက်ပြောင်းလဲမှုတစ်ခုဖြစ်ဖို့အတွက် အစီအစဉ်တွေချမှတ်ပြီးဆောင်ရွက်ခဲ့ပါတယ်။ အီကွေဒေါရဲ့ မီတာ ၅၉၀၀ မြင့်တဲ့နာမည်ကြီး မီးတောင် Cotopasi နဲ့ အနောက်ကမ္ဘာရဲ့ အတက်အကျအများဆုံးနဲ့ ထိပ်လန့်စရာအကောင်းဆုံးအဖြစ် ယူဆကြတဲ့ Nariz del Diablo (Devil’s Nose) ရထားလမ်းကိုဆက်သွယ်ပေးလိုက်တာဖြစ်ပါတယ်။ စီစဉ်သူတွေကတော့ ဒီလောင်းကစားဆန်တဲ့လုပ်ရပ်ဟာ ငွေကြေးအမြောက်အများဝင်စေနိုင်ပြီး တစ်ခါမှမရခဲ့ဖူးတဲ့ ကမ္ဘာလှည့်ခရီးသည်အရေအတွက်ရမယ်လို့ ယုံကြည်နေကြပါတယ်။

၅။ စလိုဗက်ကီးယား



ကောင်းကွက်များ - ယဉ်ကျေးမှု၊ စွန့်စားခန်းများ၊ လူလည်ပါတ်မှုနည်းခြင်း

ကတ္တီပါတော်လှန်ရေးအပြီး ဆယ်စုနှစ်နှစ်ခုအကြာမှာ စလိုဗက်ကီးယားဟာ ဥရောပရဲ့စီးပွားရေးတိုးတက်မှုအမြန်ဆုံးနိုင်ငံတစ်ခုဖြစ်လာအောင် ပြုပြင်ပြောင်းလဲမှုတွေကို အသည်းအသန်လုပ်ပါတော့တယ်။ EU အဖွဲ့ထဲဝင်ခဲ့ပြီး အဆင့်အတန်းတွေမြင့်တက်လာအောင်လုပ်ရင်းနဲ့ Google အသုံးပြုသူတွေကို ပုံမှန်ထက်ဈေးကြီးတဲ့ စကိတ်ပစ္စည်းတွေ၊ သမင်တွေနဲ့ပြည့်နှက်နေတဲ့ အားလပ်ရက်တွေကို စိတ်ကူးယဉ်စေပါတယ်။ အခုတော့ ခရီးသွားလုပ်ငန်းတွေဟာ ဒီနိုင်ငံကို ပေါပေါလောလော ဆီးနှင်းလွှာတွေ အရက်ဝိုင်းတွေကနေဝေးကွာအောင်လုပ်ဆောင်နေပါပြီ။

ref:lonelyplanet

No comments:

Post a Comment

 
Blogger Templates