Social Icons

Saturday, December 6, 2014

Shion - သွေးတိုးရောဂါ အတွက် ကောင်းတဲ့ တရုတ်နံနံ


ယနေ့ခေတ်ရဲ့ ကပ်ရောဂါ တစ်ခု ဖြစ်တဲ့ သွေး တိုး ရောဂါက လေဖြတ်ခြင်း၊ နှလုံး ရောဂါနှင့် ကျောက်ကပ် အလုပ် မလုပ်ခြင်းရဲ့ အကြောင်း ရင်းခံပဲ ဖြစ်တယ်။ ယင်း သွေးတိုး ရောဂါ အတွက် တရုတ် ရှေးဟောင်း ဆေးတစ်လက် ကတော့ တရုတ်နံနံ အရည် (Celery Juice) သောက်ခြင်း ဖြစ်တယ်။ တရုတ်နံနံ အရည်ကို ဖျော်စက်နှင့် လုပ်ယူ ရရှိနိုင် ပါတယ်။ ယင်း ဖျော်ရည်ကို ဖန်ခွက်ကြီး တစ်ခွက် ဒါမှမဟုတ် နှစ်ခွက် နေ့စဉ် သောက်ခြင်းက သွေးတိုးကို ကာကွယ် ပေးရုံမက သွေးတိုး ရောဂါ ရှိသူကို သွေးပေါင်ချိန် ပုံမှန် ရှိစေနိုင် ပါတယ်။ ဒါ့အပြင် တရုတ် နံနံစေ့က ဂေါက်ရောဂါနှင့် အခြား အဆစ်မျက် ရောင်နာ များကို ကာကွယ် ရာမှာ နာမည်ကြီး ပါတယ်။ တရုတ်နံနံ ရိုးတံမှာ အရောင်ကျစေတဲ့ ပစ္စည်း တစ်ဒါဇင် ကျော်မက ပါရှိကြောင်း သိရတယ်။ ယင်းတို့ အထဲမှာ Apigenin ပါဝင်တယ်။ ယင်း ဒြပ်ပေါင်းက COX2 တားမြစ် ပိတ်ပင် ပေးတဲ့ အစွမ်းသတ္တိ ရှိပြီး ရောင်းတန်းဝင် အရောင် ကျဆေး တချို့နှင့် တူတယ်။ သဘာဝပုံစံ ဖြစ်လို့ ဘေးထွက် ဆိုးကျိုးများ မရှိဘူး။ ဒါကြောင့် တရုတ် လူမျိုးတွေ ရာစုနှစ်နှင့် ချီပြီး လုပ်ခဲ့သလို အသက်ရှည်ဖို့ အတွက် တရုတ်နံနံကို စားပေးပါ။ ဒါမှမဟုတ် အရည်ကို သောက်ပေးပါ။

Credit to Health Digest News Journal

No comments:

Post a Comment

 
Blogger Templates