Social Icons

Guys' Fashions

Shion - ဆောင်းရာသီနဲ့ ခပ်မိုက်မိုက် အမျိုးသားဖက်ရှင်


မနက်ခင်းလေးတွေမှာ အေးစိမ့်တဲ့လေပြေလေးတွေနဲ့ နှုတ်ဆက်နေပြီဖြစ်တဲ့ ဆောင်းရာသီကို ရောက်မှန်းမသိ ရောက်လာခဲ့ပါပြီ။ မနက်ခင်းတွေ ဒါမှမဟုတ် ညနေပိုင်းတွေ အပြင်ထွက်တော့မယ်ဆို အရင်လို စွပ်ကျယ်တွေ၊ တီရှပ်အပါးတွေထက်စာရင် hoodie တွေ၊ Pullover တွေ၊ ဂျင်းဂျတ်ကတ်တွေ၊ ဆွယ်တာအပါးသားလေးတွေ ကောက်စွပ်သွားဖို့ မမေ့နဲ့ဦး။ ခရီးတွေဘာတွေသွားမယ်ဆိုရင်တော့ လည်သာဂျက်ကတ်တွေပါ ထည့်သွားလိုက်ပေါ့။ အားလပ်ရက်ရလို့ ခရီးသွားဖို့ အစီအစဉ်ဆွဲနေတဲ့ ကိုကိုတွေရှိရင် ခရီးစဉ်အတွင်း ဘယ်လိုဖက်ရှင်မျိုးတွေက အားလုံးရဲ့ကြားထင်းကနဲဖြစ်နေမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

၁။ Pullover အမိုက်စားလေးတွေရှာဝတ်ပါ။


ဆောင်းတွင်းအတွက် အထာကျဆုံးကတော့ Pullover တွေပါပဲ။ ဒီဇိုင်းဆန်းဆန်းလေးတွေ တွေ့ရင် ၀ယ်သာထားလိုက်ပါ။ တစ်ထပ်တည်းနဲ့ ခေါင်းစားစရာမလို မိုက်နေမှာသေချာပါတယ်။



၂။လည်သာဂျက်ကတ်တွေကို ပြန်လည်စုဆောင်းပါ။


လည်သာဂျက်ကတ်တွေဟာ ဘယ်တော့မှ ရိုးမသွားမယ့် ဖက်ရှင်တွေထဲက တစ်ခုပါ။ သူ့ကို အပြင်ထသွားထလာကနေ ပွဲတက်အထိ ၀တ်ဆင်နိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။ တစ်ခုပဲ အထာကျကျ ၀တ်တတ်ဖို့တော့ လိုမှာပေါ့လေ။



၃။ဆွယ်တာအပါးလေးတွေကလည်း မရှိမဖြစ်ပါပဲ။


ခုနောက်ပိုင်း ဒီဇိုင်းစုံ၊ ကာလာစုံ ဆွယ်တာအပါးလေးတွေကိုတော့ ခုလို ရှပ်နဲ့တွဲဝတ်ဝတ်၊ သူ့အပေါ်က ဂျက်ကတ်တစ်ခုခုထပ်ဝတ်ဝတ် အထာကျပါတယ်။


၎။အသစ်အဆန်းဖန်တီးလိုက်ဖို့ မကြောက်ပါနဲ့။


ဆွယ်တာနှစ်ထပ်ကို ခုလိုဝတ်ဖို့ အိုင်ဒီယာရှိဖူးရင်တောင် ၀တ်လိုက်ရင် လူပြောသူပြောခံရမယ်ဆိုတဲ့ အတွေးမျိုးတွေ ၀င်ဖူးမှာပါ။ ဖက်ရှင်ဆိုတာ ကိုယ့်စိတ်တိုင်းကျ ဖန်တီးရမယ့်အရာမို့ တစ်ချို့အရာတွေကို လျစ်လျူရှုလိုက်ပါ။ ယုံကြည်မှုရှိရင် အားလုံးဟာ ခုလို မိုက်နေပြီးသားပဲ ဆိုတာ မမေ့လိုက်ပါနဲ့။


၅။သိမ်းထားတဲ့ ဂျင်းဂျတ်ကတ်တွေကို ပွဲထုတ်လိုက်ပါ။


ဂျင်းဂျတ်ကတ်ဆိုတာ တီရှပ်နဲ့ရော၊ ရှပ်အကျီင်္တွေနဲ့သာမက ခုလို Pullover ဒီဇိုင်းမျိုးတွေနဲ့ တွဲဝတ်ရင်တောင် ဂေါ်နေပြီးသားပဲလေ။ အဲ့ဒီတော့ ခေါင်းစွပ်တွေ၊ ဖိနပ်အမိုက်စားတွေနဲ့ ပေါင်းစပ် ဆင်မြန်းကြည့်လိုက်ပေါ့။ အထာမကျရင် ကြိုက်သလိုပြော။



No comments:

Post a Comment

 
Blogger Templates