Social Icons

Saturday, December 20, 2014

Shion - မျက်နှာက မှဲ့ခြောက်တွေကို သာမန်ထက် ပါးသွားသလို ဖြစ်အောင် ဘယ်လိုပြင်ရမလဲ




မျက်နှာပေါ်မှာ မှဲ့ခြောက်ရှိသူတွေဟာ ကိုယ့်မျက်နှာပေါ်က မှဲ့ခြောက်တွေကို ကွန်ဆီလာတွေနဲ့ ဖုံးရ၊ ခရင်မ်အပျော့စားလေးတွေ လိမ်းပေးရနဲ့ သူများတွေထက်တော့ နည်းနည်းပိုအလုပ်ရှုပ်လေ့ရှိကြပါတယ်။ ဒီတော့ မျက်နှာပေါ်က မှဲ့ခြောက်တွေ လုံးဝပျောက်ကွယ်သွားအောင် မလုပ်နိုင်ရင်တောင် အရင်ထက်ပိုမိုနည်းပါးသွားသလို ဖြစ်စေမယ့်၊ တခြားအပြင်အဆင်တွေကြောင့် မှဲ့ခြောက်ပေါ် အာရုံစိုက်မှု လျော့နည်းသွားစေမယ့် အပြင်အဆင်တစ်ချို့ကို ပြောပြပေးချင်ပါတယ်။

၁။မှဲ့ခြောက်အစက်လေးတွေပေါ်မှာ လိမ်းနေကျ ကွန်ဆီလာ (သို့) ခရင်မ်ကို တစ်စက်ချင်းစီ အစက်လိုက်ချပေးပါ။


မျက်နှာတစ်ခုလုံးကို ကွန်ဆီလာတစ်ထပ်လိမ်းစရာ မလိုအပ်သလို ခရင်မ်တွေကိုလည်း မှဲ့ခြောက်ရှိတဲ့နေရာတွေကို ဖုံးရင်း အထူကြီးဖြစ်သွားတဲ့အထိ လိမ်းစရာမလိုပါဘူး။ မှဲ့ခြောက်အစက်တွေပေါ်မှာ တစ်စက်ချင်းစီ ချပေးပါ။ ဒါပေမယ့် ခပ်မြန်မြန်လေးပေါ့။ အဲ့အစက်ချတာအတွက်နဲ့ အချိန်အများကြီးတော့ မယူမိပါစေနဲ့။ ပြီးတော့ နှာခေါင်းနားက မှဲ့ခြောက်လေးတွေကစပြီး မေးရိုးနားမှာရှိနေသေးရင် မေးရိုးနား၊ ပါးဘက်အခြမ်းကို ချသွားရမှာပါ။ လိုအပ်မယ်ထင်ရင်တော့ နဖူးပေါ်ကိုလည်း လက်ခလည်ထိပ်လေးသုံးပြီး အစက်ချပေးလို့ရပါတယ်။

၂။အစက်ချတဲ့အခါ အရမ်းကြီး သပ်သပ်ရပ်ရပ်ကြီး မချပါနဲ့။


တစ်ခါတစ်လေ ခုနပြောသလို ဖုံးဖိတဲ့အရာမျိုးမဟုတ်ပဲ ကိုယ်ကြိုက်တဲ့ Lip pencil၊ eye pencil အရောင်တွေနဲ့လည်း အစက်ချပေးလို့ရပါတယ်။ အစက်ချတဲ့အခါ အရမ်းသပ်သပ်ကြီးချမယ်ဆိုရင်တော့ သဘာဝဆန်မှာ မဟုတ်ပါဘူး။

၃။နေရောင်တိုက်ရိုက်ထိတွေ့မယ့် နေရာမှာ မနေပါနဲ့။


မျက်နှာပေါ်မှာ ခုနကအဆင့်ကို သေချာ ညီညာစွာ လုပ်ထားပြီးပြီဆိုရင် အပြင်ထွက်တဲ့အခါမျက်နှာကို နေမထိုးအောင်တော့ ဂရုစိုက်ပေးသင့်ပါတယ်။

၎။တစ်ခြားပြင်ဆင်မှုတွေနဲ့ ဆွဲဆောင်မှုရှိအောင် လုပ်ပါ။


မျက်နှာမှာရှိနေတဲ့ မှဲ့ခြောက်ကို အတင်းဖုံးကွယ်ဖို့ ကြိုးစားမယ့်အစား ကိုယ့်မှာရှိနေပြီးသား မျက်ခုံး၊ မျက်လုံးအလှတွေကို ဆွဲဆောင်မှုရှိအောင် ပြင်ဆင်ခြယ်သလိုက်ပါ။ ဒါပေမယ့် ခြယ်သတယ်ဆိုရာမှာလည်း ပြူးပြူးပြဲပြဲကြီး ပြင်ဆင်မယ့်အစား သဘာဝကျကျလေး ပြင်ဆင်တာ ပိုကောင်းပါတယ်။ မျက်ခုံးမွှေးကို မထူမပါးဆွဲ၊ mascara ဆွဲပြီး နှုတ်ခမ်းနီဖျော့ဖျော့လေး ဆိုးထားတာမျိုးပေါ့။

Ref:luckymag.com

No comments:

Post a Comment

 
Blogger Templates