Social Icons

Thursday, December 4, 2014

Shion - ချစ်သက်တမ်းရှည်ကြာစေမည့် နည်းလမ်းကောင်းများ


တစ်ဦးနဲ့တစ်ဦး ချစ်ကြတယ်ဆိုရာမှာ တစ်ပုံစံတည်းတော့ မဟုတ်ကြပါဘူး။ ဒါ့အပြင် တွဲလာကြတဲ့ ချစ်သက်တမ်းတစ်လျှောက်မှာလည်း အပြောင်းအလဲဆိုတာတွေလည်း ရှိတတ်ကြပါသေးတယ်။ စတွဲခါစအချိန်မှာ ချစ်ခင်ကြင်နာ ယုယတတ်ကြပေမယ့် အချိန်တွေကြာလာတဲ့အခါ တစ်ဦးနဲ့တစ်ဦး အရင်လို ယုယုယယ ရှိချင်မှ ရှိတော့မှာပါ။ ဒါမျိုးတွေ မဖြစ်ရအောင် ကိုယ့်ချစ်သူနဲ့ ချစ်သက်တမ်းရှည်ကြာစွာ နှစ်ဦးသား ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားနိုင်မယ့် နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။

၁။ကိုယ့်ချစ်သူနဲ့ နှစ်ဦးသားဆက်ဆံရေးဟာ အမြဲတမ်းနွေးထွေးနေပါစေ။ တစ်ချိန်တည်းမှာ သစ်လွင်နေပါစေ။


နှစ်ဦးသားကုန်ဆုံးနေကျ နေ့ရက်မျိုးတွေအစား နှစ်ဦးစလုံးအတွက် အသစ်ဖြစ်မယ့် အစီအစဉ်လေးတွေ စဉ်းစားပါ။ ကိုယ်တိုင်လည်း ငါတို့ပထမဆုံးအချိန်တုန်းက ဘယ်လိုရင်ခုန်ခဲ့ကြရတယ်။ ပျော်ရွှင်ခဲ့ကြရတယ်။ ဒီလိုမျိုးဖြစ်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာ အချိန်ပေးပြီးတွေးပါ။ သူလည်း ရင်ခုန်စရာဖြစ်အောင်၊ ကိုယ့်အတွက်လည်း ထူးထူးဆန်းဆန်းဖြစ်စေမယ့် နေရာ၊ အစီအစဉ်သစ်လေးတွေ ဖန်တီးဖို့ မမေ့ပါနဲ့။ တစ်ပတ်တစ်ခါလောက် ပုံမှန်တွေ့ရုံ၊ ဖုန်းနဲ့ message လေးတွေ ပို့နေရုံဆိုရင်တော့ ဘယ်သူမဆို ကြာရင် ဒီဆက်ဆံရေးကို ငြီးငွေ့သွားပါလိမ့်မယ်။

၂။လုပ်ငန်းဆောင်တာအသစ်တွေကို ကိုယ့်ချစ်သူနဲ့ အတူတကွ ဆောင်ရွက်ပါ။


အရင်က လုပ်ဆောင်ဖူးနေကျ မဟုတ်တဲ့ ပရဟိတလုပ်ငန်းတွေ၊ ဒါမှမဟုတ် ဟိုဘက် မိသားစု၊ ဒီဘက်မိသားစုနဲ့အချိန်ဖြုန်းတာတွေ၊ နှစ်ဦးသား ကိုယ်လက်လေ့ကျင့်ခန်းအတူစလုပ်တာတွေ အစရှိသဖြင့် အရင်က ကိုယ့်ချစ်သူနဲ့မလုပ်ဖူးတဲ့ အရာတွေကို စတင်လုပ်ဆောင်ကြည့်ခြင်းအားဖြင့် အရင်တုန်းကလို ရင်ခုန်ကြည်နူးမှုလေးတွေ ပြန်ခံစားရစေမှာ သေချာပါတယ်။

၃။နှစ်ဦးသားရဲ့ အနာဂတ်အကြောင်း ဆွေးနွေးပြောဆိုပါ။


ချစ်သူ၊ ရည်းစား ဆက်ဆံရေးဆိုတာ တစ်နေရာတည်းမှာ ရပ်တန့်နေတာမျိုးတော့ မဟုတ်ပါဘူး။ ပန်းတိုင်တစ်ခုတော့ ရှိတတ်ကြပါတယ်။ ဒီတော့ နောင်အနာဂတ်မှာ ကိုယ်နဲ့ကိုယ့်ချစ်သူ ဘာတွေလုပ်ကြမယ်၊ ဘယ်မှနေကြမယ်၊ ဘယ်လိုအိမ်မျိုးလေးမှာ အတူနေမယ်၊ ကလေးဘယ်နှစ်ယောက်ယူမယ်ဆိုတာမျိုးတွေ ဆွေးနွေးပြောဆိုပေးပါ။ ဒီလို ပြောဆိုတာတွေဟာ နှစ်ဦးသားအတွက် နွေးထွေးမှုတစ်ခုကို ယူဆောင်ပေးပါလိမ့်မယ်။

၎။နှစ်ဦးသားအပြိုင်အဆိုင် လုပ်ဆောင်သင့်တာလေးတွေ လုပ်ဆောင်ပါ။


ကိုယ်နဲ့ကိုယ့်ချစ်သူဆိုတာ အသင်းအဖွဲ့တစ်ခုတည်းမှာ အတူရှိနေကြသူတွေပေါ့။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ နှစ်ဦးသားပြိုင်ဆိုင်မှုလေးတွေက သင်တို့အချစ်ရေးကို လတ်ဆတ်စေပါလိမ့်မယ်။ နှစ်ဦးသား ဂိမ်းတစ်ခုမှာ အတူပါဝင်နေပြီး ရှုံးတဲ့သူက ဘာလုပ်ပေးရမယ်ဆိုတာမျိုးလေးတွေကလည်း နှစ်ဦးသားအတွက် အကျိုးရှိစေတဲ့အရာတွေပါ။ အပြောင်းအလဲလည်း ဖြစ်ပါလိမ့်မယ်။

၅။တစ်ဦးကို တစ်ဦး မေးခွန်းလေးတွေမေးပါ။


သူ့အကြောင်းကိုယ်အကုန်သိနေပြီ၊ ကိုယ့်အကြောင်းလည်း သူက အကုန်သိနေပြီဆိုရင် တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့အခါ ဘာဆွဲဆောင်မှုမှမရှိတော့ဘူးပေါ့။ ဒီလိုမဖြစ်ရအောင် အထူးအဆန်းမေးခွန်းလေးတွေ မေးကြည့်ပါ။ သူဖြေတဲ့အဖြေကို နားထောင်ကြည့်ပြီး အဲ့ဒီအဖြေကိုအခြေခံကာ နှစ်ဦးသားစကားပြောဆို ဆွေးနွေးတာမျိုးလေးတွေ လုပ်ပါ။ ကိုယ့်ကို သူမေးခွန်းတွေ မေးတဲ့အခါမှာလည်း ရိုးရိုးတန်းတန်း အပျော်သဘော မေးခွန်းတွေကစလို့ အရေးတကြီး ဘ၀နဲ့ပတ်သက်တဲ့ မေးခွန်းတွေအထိ ဘာမဆို ဖြေဖို့အသင့်ရှိနေပါစေ။

Ref:womenshealthmag.com

No comments:

Post a Comment

 
Blogger Templates