ကိုယ့်ချစ်သူ၊ လက်တွဲဖော်နဲ့အတူ ကုန်ဆုံးသင့်တဲ့အချိန်ဟာ ဘယ်လောက်လဲ။ ၁၀၀ရာခိုင်နှုန်း အချိန်ပေးမယ်ဆိုရင် အရမ်းများပါလိမ့်မယ်။ အချိန်ပေးမှု သုညရာခိုင်နှုန်းဆိုပြန်ရင်လည်း မဖြစ်နိုင်ဘူး။ ကောင်းမွန်တဲ့ ဆက်ဆံရေးဖြစ်ဖို့အတွက် အတူရှိတဲ့အချိန်တွေကိုလည်း ညှိတတ်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ကိုယ့်ချစ်သူအတွက် ကိုယ်အချိန်တွေပေးတာ များလွန်းနေလား၊ ဒါမှမဟုတ် နည်းလွန်းနေလားဆိုတာ ပြန်စမ်းစစ်ကြည့်ဖို့တော့ လိုမယ်နော်။
၁။သူငယ်ချင်းဆက်ဆံရေးကိုလည်း မမေ့ပါနဲ့။
သူငယ်ချင်း၊ မိသားစုတွေနဲ့ ကုန်ဆုံးခဲ့ဖူးတဲ့အချိန်တွေကို ချစ်သူနဲ့သာ အချိန်ဇယားပြည့်နေတတ်ကြပါတယ်။ လူတစ်ယောက်တစ်ပုံစံတည်းနေရတာဟာ စိတ်ဖိစီးမှုများလာစေနိုင်ပါတယ်။ ပြီးတော့ သူငယ်ချင်း၊ မိသားစုထံမှ ဝေဖန်တဲ့ အသံတွေကြောင့် သင် စိတ်ဖိစီးမှု ရလာနိုင်ပါတယ်။ မိသားစုနဲ့ သူငယ်ချင်းတွေကလဲ သင့်ဘဝ တစ်စိတ်တစ်ပိုင်းအတွက် အရေးပါတဲ့သူတွေ မို့လို့ သူတို့တွေကိုလဲ မေ့ပစ်လို့ မရသေးပါဘူး။ ဒါ့ကြောင့် အချိန်ကို ညှိပြီးအသုံးပြုပါ။
၂။တစ်ယောက်အပေါ်တစ်ယောက် မှီခိုလွန်းတာမျိုးကို ရှောင်ပါ။
တချို့လူတွေဟာ သူတို့ရဲ့လိုအပ်ချက်အားလုံးကို သူတို့ရဲ့ချစ်သူအပေါ်မှာပဲ ပုံအပ်ပစ်လိုက်ကြပါတယ်။ သူတို့ရဲ့ ပတ်ဝန်းကျင်၊ လူမှုဆက်ဆံရေးတွေ ပျက်ပြားလာပြီးတော့ သူငယ်ချင်းတွေနဲ့လည်း အနေဝေးလာတတ်ကြပါတယ်။ ဒီလိုဆက်ဆံရေးဟာ စိုးရိမ်စရာရှိတဲ့ နီးစပ်မှုတစ်ခုပဲဖြစ်ပါတယ်။ အကုန်ပုံအပ်ပြီး အရာရာကိုယ့်ချစ်သူအပေါ်မှာပဲ မူတည်တာမျိုးမဟုတ်ပဲနဲ့ အခြေအနေကို ညှိယူပြီး သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့လည်း အချိန်ကုန်သင့်ပါတယ်။
၃။ဝါသနာပါတဲ့အရာတွေကို ပြုလုပ်ဖို့ သီးသန့်အချိန်ယူသင့်ပါတယ်။
သူတပါးရဲ့လိုအပ်ချက်တွေဖြည့်ဆည်းနေမယ့်အစား တခါတလေ ကိုယ်နှစ်သက် ဝါသနာပါတဲ့အရာတွေကို တစ်ယောက်တည်းလုပ်ဆောင်သင့်ပါတယ်။ ဥပမာ - စိတ်ဝင်စားတဲ့စာအုပ်ဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ အားကစားလုပ်ခြင်း အစရှိတဲ့ လှုပ်ရှားမှုလေးတွေကို ကိုယ်ပိုင်အချိန်ယူသင့်ပါတယ်။
၎။ဘယ်အရာမဆို မျှမျှတတလုပ်ဆောင်ပါ။
အပေါ်မှာ ဖော်ပြထားတဲ့အချိန်တွေကို မျှမျှတတလုပ်ဆောင်ပေးခြင်းကနေ ချစ်သူနှစ်ဦးကြား ဆက်ဆံရေးအတွက် အထောက်အကူပြုမှာဖြစ်ပါတယ်။ ဘယ်အရာမဆို သူ့အချိန်နဲ့သူ မျှမျှတတလုပ်ဆောင်တတ်အောင် သင့်အနေနဲ့ ဂရုတစိုက် သတိပြုသင့်ပါတယ်။ သင့်ရဲ့ ကိုယ်ပိုင်ရည်ရွယ်ချက်တစ်ခုဆီ ဦးတည်တဲ့နေရာမှာလည်း ချစ်သူကိုအချိန်ပေးမှုလွန်ကဲခြင်းကနေ သင်ဆုံးရှုံးမှုတွေ ခံစားကောင်းခံစားစေနိုင်ပါတယ်။ ဒါ့ကြော်င့် ကဏ္ဍအလိုက် ခွဲထားပြီး မျှမျှတတ လုပ်ဆောင်သင့်ပါတယ်။
Ref: mensxp.com
No comments:
Post a Comment