Social Icons

Friday, December 5, 2014

Shion - ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုစေတဲ့အပြင် sexy လည်းကျတဲ့ အနီရောင်ဖက်ရှင်


အနီရောင်ဟာ ရဲရင့်ခြင်းကို ကိုယ်စားပြုသလို အနီရောင်နဲ့ ပတ်သက်တဲ့ ဖက်ရှင်တစ်ခုခုကို ဆင်မြန်းထားပြီဆိုတာနဲ့ ၀တ်ဆင်ထားတဲ့သူဟာ သူများတွေထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုစေတယ်လို့ စိတ်ပညာရှင်တွေနဲ့ ဖက်ရှင်ဒီဇိုင်နာတော်တော်များများက ဖွင့်ဟထားကြတာ ကြားဖူးကြမှာပါ။ ဒါ့အပြင် အနီရောင်ဟာ ဆက်စီကျစေပြီး အားလုံးရဲ့အကြည့်ကို ဖမ်းစားထားနိုင်တဲ့ အရောင်ဆိုရင်လည်း မမှားပါဘူး။ ဒီ့ထက်ပိုအတိအကျ ပြောရရင်တော့ အနီရောင်နဲ့အနက်ရောင် တွဲဖက်ဝတ်ဆင်ခြင်းဟာ ဆက်စီကျစေသလို အနီရောင်နဲ့ အဖြူရောင် တွဲဖက်ဝတ်ဆင်ခြင်းကတော့ ချစ်စရာကောင်းစေသလို မိန်းကလေးလည်း ပိုဆန်ပါတယ်တဲ့။

ရာသီတွေနဲ့ပြန်ချင့်ချိန်ကြည့်ရင်လည်း အနီရောင်ဟာ ဆောင်းရာသီနဲ့ အလိုက်ဖက်ဆုံးကာလာပါ။ ဒါ့ကြောင့် အနီရောင် ၀တ်စုံ၊ ဒါမှမဟုတ် စကတ်ကို အရောင်စပ်ဝတ်ရင်ဝတ်၊ မဟုတ်ရင်လည်း အနီရောင် accessory တွေကို ဆင်မြန်းလိုက်ရုံနဲ့ သင်ဟာ သူများတွေနဲ့ ကွဲပြားနေမှာတော့ အမှန်ပါပဲ။ အနီရောင်ကို အပေါ်၊ အောက် ၀မ်းဆက် ၀တ်ဆင်ခြင်းကတော့ ထသွားထလာတွေမှာ ၀တ်ဆင်ဖို့ မလွယ်ကူပေမယ့် ပွဲတက်၊ ဒင်နာ၊ ပါတီပွဲတွေအတွက်တော့ အထာကျစေပါတယ်။


အနီရောင် တီရှပ်တွေ၊ အကျီင်္တွေကို ဘောင်းဘီအနက်နဲ့ တွဲဝတ်တာမျိုး ဒါမှမဟုတ် အနီကွက်လို စကတ်မျိုး၊ ဘောင်းဘီတွေကို အနက်ရောင်စတာတွေနဲ့ တွဲဝတ်ခြင်းကတော့ ဘယ်တော့မှ ရိုးစင်းသွားမယ့် ဖက်ရှင် မဟုတ်တဲ့အပြင် လူငယ်လည်း အရမ်းဆန်ပါတယ်။


ကိုယ်က အနီရောင်ကို သဘောကျပေမယ့် သိပ်ဝတ်လေ့ဝတ်ထ မရှိဘူး။ အပေါ်အောက် ၀မ်းဆက်တွေ၊ အရမ်းအနီများတာတွေ မ၀တ်ရဲဘူးဆိုရင်တော့ ပုံမှာပြထားသလို လည်ပတ်၊ မာဖလာ၊ လက်ကိုင်အိတ်၊ ခြေအိတ်ရှည် စတာလေးတွေနဲ့ ကိုယ့်ဖက်ရှင်ကို အထာကျနေအောင် ဖန်တီးကြည့်လိုက်ပါလို့။

Ref:herworldplus.com

No comments:

Post a Comment

 
Blogger Templates