ခါးတို၊ ခါးပြတ် ချစ်စရာကောင်းတဲ့ အင်္ကျံလေးတွေကို ရှော့ပင်စင်တာတွေမှာ ချိတ်ထားတာ အမြဲတွေ့နေရတယ်။ ၀တ်ချင်ပေမယ့် ဘယ်လိုဝတ်ဆင်ရမှန်း ကိုယ့်မှာ အိုင်ဒီယာမရှိဘူး။ High Waist ဘောင်းဘီတွေနဲ့ ၀တ်ရတာလည်း သိပ်အဆင်မပြေလှဘူး။ ဘာဖြစ်လို့လဲဆိုတော့ အ့ဒီဘောင်းဘီတွေက တင်းပါးကို ပိုပြားစေတယ်လို့ ထင်မိလို့လေ။ ကဲ ဒီလိုမျိုးခံစားချက်မျိုးကြောင့် crop အင်္ကျံလေးတွေကို လက်လွှတ်ခံစရာမလိုတော့ပါဘူး။ ဒီမှာ တစ်ချက်ကြည့်လိုက်ပါဦး။
၁။ခါးတိုအင်္ကျံဆိုမှတော့ ခါးပေါ်မှာ၊ ဗိုက်သားနည်းနည်းပေါ်မှာ မကြောက်ပါနဲ့တော့။ လွန်လွန်ကျွံကျွံပုံလည်း မပေါက် ဖက်ရှင်လည်းကျအောင် ခုလိုဝတ်ဆင်ကြည့်လိုက်ပါ။
၂။ခုလို စကတ်ရှည်ကြီးနဲ့ တွဲဝတ်ရင်လည်း ကြည့်ကောင်းပါတယ်။ အရပ်ရှည်တဲ့သူဆို ဒီလိုဖက်ရှင်မျိုးနဲ့ ပိုလိုက်ပါတယ်။ ပွဲတက်ဖက်ရှင်အနေနဲ့ ဆင်မြန်းသင့်တဲ့ စတိုင်လ်ပေါ့။
၃။တီရှပ်၊ ရှပ်အင်္ကျံတွေအပေါ်က ထပ်ပြီးတော့လည်း ၀တ်ဆင်နိုင်သေးတယ်နော်။
၎။crop အင်္ကျံက ခုလို ဒီဇိုင်းမျိုးဆိုရင်တော့ ဘောင်းဘီတို၊ ဘောင်းဘီကွာတားတွေနဲ့ တွဲစီးရင် အထာကျတယ်နော်။
၅။အင်္ကျံကခါးတိုတဲ့အပြင် လွင့်လွင့်လေးနဲ့ ချစ်စရာကောင်းတယ်ဆိုရင် သူ့ကို ရှင်းရှင်းလေးပဲ ဆင်မြန်းတာကောင်းပါတယ်။ တွဲဖက်ဝတ်မယ့် ကာလာကို ကာလာကွဲမယ့်ဟာ ရွေးချယ်ပါ။
၆။နေ့ဘက် သူငယ်ချင်းတွေနဲ့ လျှောက် roll တဲ့ အခါမျိုးဆိုရင်တော့ ဒီလိုပေါ့။
၇။ပွဲအခမ်းအနားတွေ၊ ဧည့်ခံပွဲတွေ၊ ညစားစားပွဲလိုမျိုးပွဲတွေကိုလည်း crop fashion နဲ့ အခုလိုတက်လို့ ရတယ်နော်။
၈။ကမ်းခြေကို ပျော်ပွဲစား ထွက်တဲ့အခါမျိုးမှာလည်း ဒါမျိုးဝတ်လို့ ရသေးတယ်နော်။
၉။shopping ထွက်တဲ့အခါမျိုးမှာ အခုလို skiny jean မျိုးနဲ့ တွဲဝတ်ရင်လည်း
အထာကျမှာ အမှန်ပါပဲ။
၁၀။ကိုယ်ကဝတ်ရဲတယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတယ် ဆိုရင်တော့
ခုလို boyfriend jean လေးနဲ့ အထာကျကျ ဝတ်လိုက်ပါ။
၁၁။သင်တန်းတွေ၊ ကျောင်းတွေ သွားတဲ့ အခါမျိုးမှာလည်း ဒါမျိုး ဝတ်လို့
ရသေးတယ်နော်။
၁၂။Boyfriend နဲ့ သွားတွေ့တဲ့ အခါမျိုးမှာတော့ ခုလို ချစ်ဖို့ကောင်းအောင်သာ ဝတ်သွားလိုက်ပါ။
၁၃။Party time မှာလည်း Crop Fashion နဲ့ ခုလို လန်းလို့ ရသေးတယ်နော်။
၁၄။Fashion Show တွေမှာလဲ Crop Fashion ကို ခုလိုတွေ့မြင်နေရပါသေးတယ်။
၁၅။။ခုလိုဆောင်းတွင်းမှာ ဂေါ်လီလုပ်ချင်ရင်တော့ ဒီလို style လေးဝတ်လိုက်ပါ။
၁၆။။အခုလိုမျိုး ဆောင်းရာသီမျိုးမှာ မိန်းကလေးဆန်ဆန်လေး မှ
ဝတ်ချင်တယ်ဆိုရင်တော့ ဒီလိုမျိုးလေးသာ ဝတ်လိုက်ပါတော့နော်။
လုံလဲလုံခြုံတယ်၊ နွေးလဲနွေးတယ်၊ အထာလည်းကျသွားတာပေါ့။
Shion








.png)















No comments:
Post a Comment