တန်ဖိုးကြီးနာရီ တွေဟာ လူတစ်ယောက်ရဲ့ ဂုဏ်၊ အဆင့်အတန်း ကိုပြသတဲ့ အမှတ်အသားတွေထဲက တစ်ခုပါပဲ။
လူမှုအဖွဲ့အစည်းထဲမှာတော့ သင်ဟာ ဘယ်လိုမျိုး အ၀တ်အစားဝတ်ထားတယ်၊ ဘယ်လိုလူ့အသိုင်းအ၀ိုင်း တွေနဲ့ ပေါင်းသင်းဆက်ဆံနေတယ်၊ ပြီးတော့ သင့်လက်ကောက်ဝတ်မှာ ဘယ်လိုမျိုးနာရီတစ်လုံးကို ပတ်ထားလဲ ဆိုတာကို ကြည့်ပြီး လူတွေက သင့်ကို အကဲဖြတ်ကြမှာပါ။
တန်ဖိုးကြီးနာရီ တစ်လုံးဝယ်ယူတဲ့နေရာမှာ သာမန်နာရီတွေကို ရှာပြီး သာမန်လေးပဲ ၀ယ်လိုက်လို့မရပါဘူး။ ဒီဆောင်းပါးဟာ သင့်ကို ဘယ်လိုနာရီမျိုးဝယ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ချက်ကူချပေးရင်းနဲ့ သင့်အတွက် အကူအညီကောင်းဖြစ်လာ လိမ့်မယ်လို့ မျှော့်လင့်မိပါတယ်။
၁။ အမှတ်တံဆိပ် (Brand)
လူတွေဟာ နာမည်ရပြီးသား အမှတ်တံဆိပ် (Brand) တွေကို သာဝယ်ဝတ်ကြပြီးတော့ သာမန်ထုတ်ကုန်တွေ ကိုမသုံးကြဘူးဆိုတဲ့ နေရာမှာ ဈေးကွက်ဖြန့်ချီရေး လျှို့ဝှက်ချက်တွေနဲ့ မဆိုင်ပါဘူး။ ဘယ်ဇိမ်ခံ နာရီ Brand နာမည်ကြီးတွေတိုင်း မှာ သူမတူထူးခြားတဲ့၊ စိတ်ဝင်စားစရာ ကောင်းတဲ့ နောက်ကြောင်းရာဇ၀င်တွေ ရှိပါတယ်။ ဒီနာမည်ကြီးနာရီ Brand တွေအများစု ကဟိုးအောက်ခြေဘ၀ က စခဲ့ကြသူချည်းပါပဲ။ နဂိုနာရီပြုလုပ်သူတွေက အများနဲ့မတူအောင် ကြိုးစား ပြုလုပ်ရင်းလုပ်ရင်းနဲ့ နောက်အနှစ် ၈၀ လောက်ကြာသွားတဲ့အခါ နာမည်ကြီး ဇိမ်ခံ နာရီ Brand တစ်ခုဖြစ်လာပါတော့တယ်။ နာမည်ကြီးနာရီ Brand နှစ်ခုမှာ အများစုသော အလုပ်လုပ်ပုံ အသေးစိတ်တွေက တူညီမှုရှိကောင်းရှိလိမ့်မှာ ဖြစ်ပေမယ့်၊ Brand နာမည်ကြောင့် ကို ကွဲပြားသွားစေပါတယ်။ Rolex နာရီဟာ ခုထက်တိုင် အကောင်းဆုံး လူသိအများဆုံး Brand ဖြစ်ပါတယ်။ အခြားနာမည်ကြီး Brands တွေကတော့ Tag Heur, Armani, Guess, Tissot စတာတွေပါပဲ။ နာမည်ကြီး Brand တစ်ခုကို ၀ယ်ယူတာဟာ ငွေကုန်ကြေးကျတော့ များပေမယ့် စိတ်ချရစေပါတယ်။
၂။ တည်ဆောက်ပုံ။
ဇိမ်ခံနာရီ တစ်လုံးနဲ့တစ်လုံး မှာကွာတာကတော့ တည်ဆောက်ပုံ အရည်အသွေးပါပဲ။ အဲ့ဒီ့လို ကွာတဲ့အတွက် တစ်လုံးနဲ့တစ်လုံး မတူအောင်ပတ်ကြည့်လိုက်တဲ့ အခါမှာ မတူညီတဲ့ ခံစားမှုမျိုးရလာမှာပါ။ Stainless Steel သတ္တုနဲ့ လုပ်ထားမယ်၊ ကမ္ဘာ့အဆင့်မှီ သရေကြိုးနဲ့ ပတ်ထားမယ်ဆိုရင်တော့ ဒီနာရီဟာ ပိုင်ရှင်ဖြစ်သူကို ဥစ္စာပေါ တစ်ယောက်ရဲ့ ခံစားမှုမျိုးကို ပေးစွမ်းမှာပါ။ ကိုယ်နဲ့ သက်တောင့်သက်သာ ဖြစ်မယ့် အံကိုက်ဖြစ်မယ့် နာရီမျိုးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
၃။ အသွင်အပြင်။
ရိုးရိုးသားသား ပြောရရင်တော့ သင့်အတွက် အချိန်ကို ပြောပြပေးနိုင်တဲ့ စက်တစ်ခုကို ရှာရုံသက်သက်ပါပဲ။ ဒါပေမယ့် ဇိမ်ခံနာရီတစ်လုံးဆိုတာ သာမန် ထုတ်ကုန်မျိုးမဟုတ်ပါဘူး။ ဇိမ်ခံနာရီတစ်လုံးမှာ နာရီလက်တံတွေ၊ ရေစိုခံ၊ ဖုန်ထိခံတဲ့ နာရီအိမ်တွေ၊ အလိုအလျှောက် ချိန်ညှိုပေးနိုင်တဲ့ နိုင်ငံတကာ အချိန်တွေ စသဖြင့် စိတ်ဝင်စားဖွယ် အသွင်အပြင်တွေ ပါရှိပါတယ်။ ဖန်စီ နာရီတွေဟာ လည်း အသုံးတည့်တာချင်းတော့ အတူတူပါပဲ။ ဘယ်လိုနာရီမျိုး ၀ယ်မယ်ဆိုတာတော့ ကိုယ့်ဟာကိုယ်ဆုံးဖြတ်ရမှာပေါ့။
၎။ အလွန့်အကျွံ ဇိမ်ခံခြင်း။
ဇိမ်ခံနာရီ ပြုလုပ်သူတွေဟာ အသစ်အသစ်သော ဒီဇိုင်းတွေနဲ့ အတူ ကောင်းပေ့ညွှန့်ပေ့ ဆိုတဲ့ အဖိုးတန်စိန်တွေနဲ့ သူတို့ရဲ့ နာရီတွေကို ပြုလုပ်ဖန်တီးကြပါတယ်။ ဒါမျိုးကတော့ ကိုယ့်ရဲ့ ကြွယ်ဝ ချမ်းသာမှု ကို ကြွားရုံသက်သက် လုပ်တာပါပဲ။
၅။ ဈေးနှုန်း။
ဇိမ်ခံနာရီတွေကတော့ အတော့်ကို ဈေးကြီးပါတယ်။ အရမ်းအရမ်း ဈေးကြီးပါတယ်။ နာရီထဲမှာ ပါတဲ့ အစိတ်အပိုင်း တစ်ခုချင်းစီမှာ ဘယ်လောက်သုံးစွဲ ထားတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီး ဈေးက မြင့်တက်သွား တာပါ။ ဇိမ်ခံနာရီ တစ်လုံး ၀ယ်ယူဖို့ ဘယ်လောက် အကုန်ခံမယ်ဆိုတာကတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ပဲ ဆိုင်ပါတယ်။ သတင်းကောင်းကတော့ ဈေးမျိုးစုံ ရှိတာပါပဲ။ သင်မျှော်မှန်းထားတဲ့ ငွေပမာဏနဲ့ ကိုက်ညီမယ့် နာမည်ကြီး Brand ထဲက နာရီကောင်းကောင်း တစ်လုံးရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Ref: mensxp
No comments:
Post a Comment