ကြက်သား နှင့် Teriyaki ဆော့ ချက်နည်းပါ။ ကြက်သားကို မချက်ခင် teriyaki ဆော့နှင့် ရောမွှေပြီမှ ချက်ထားတာမို့ အသားက အရမ်းနူးအိပြီ စားလို့ ကောင်းပါတယ်။ လုပ်ရတာလည်း အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်တာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ကြက်ရင်ဗုံသား – ၃၂၀ဂရမ် (၂၀ကျပ်သား) (၁လက်မအရွယ်အတုံးလေးများ တုံးထားပါ)
- ဆာကေး(ဆန်ဝိုင်) – စားပွဲတင်ဇွန်း ၂ဇွန်း
- Mirin (ဆန်ဝိုင် အချို) – စားပွဲတင်ဇွန်း ၄ဇွန်း
- ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၄ဇွန်း
- သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
- နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
- နှမ်း – စားပွဲတင်ဇွန်း ၁ဇွန်း (အပေါ်မှ ဖြူးရန်)
- ကြက်သွန်မြိတ် – အနည်းငယ် (ပါးပါးလှီးထားပါ)
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ခွက်တစ်ခုထဲတွင် (ဆာကေး၊ mirin၊ ပဲငံပြာရည်၊ သကြား၊ နှမ်းဆီ) တို့ကို သမအောင် ရောမွှေထားပါ။
၂။ ပြီလျှင် ကြက်ရင်ဗုံသားများကို ဆော့ရည်ခွက်ထဲ ထည့်ပြီ နာရီဝက်ခန့် စိမ်ထားပေးပါ။
၃။ ပြီနောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း) ထည့်ပြီ ကြက်သားများကို အရောင်ရသည်အထိ ဆီပူထိုးပေးပါ။
၎။ ပြီမှ teriyaki ဆော့ရည်များကို ထည့်ပြီ မီးနည်းနည်းဖြင့် ၅မိနစ်ခန့် တည်ထားပေးပါ။
၅။ ထို့နောက် ခွက်တစ်ခုထဲ ထမင်းထည့်၊ teriyaki ကြက်သား ထည့် အပေါ်မှ နှမ်းဖြူး၊ ကြက်သွန်မြိတ်များ ဖြူးပြီ သုံးဆောင်လို့ရပါပြီ…
၎။ ပြီမှ teriyaki ဆော့ရည်များကို ထည့်ပြီ မီးနည်းနည်းဖြင့် ၅မိနစ်ခန့် တည်ထားပေးပါ။
၅။ ထို့နောက် ခွက်တစ်ခုထဲ ထမင်းထည့်၊ teriyaki ကြက်သား ထည့် အပေါ်မှ နှမ်းဖြူး၊ ကြက်သွန်မြိတ်များ ဖြူးပြီ သုံးဆောင်လို့ရပါပြီ…
Ref : Wutyee Food House
No comments:
Post a Comment