ဒီဇင်ဘာ အားလပ်ရက်မှာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ခရီးစဉ်တစ်ခုကို ဖန်တီးနိုင်စေဖို့ ကမ္ဘာ့တစ်ဝန်းက လည်ပတ်လို့ကောင်းတဲ့ နေရာလေးတွေကို ထပ်ပြီး ဖော်ပြပေးလိုက်တယ်နော်။
၆။ ဆော်လ်မွန်ကျွန်းများ
ကောင်းကွက်များ - စွန့်စားခန်းများ၊ လူလည်ပါတ်မှုနည်းခြင်း၊ လှုပ်ရှားမှုများ
ပစိဖိတ်ဒေသမှာ ခရီးသွားရတာ ဘယ်လိုနေမလဲဆိုတာကိုမေ့လိုက်ပါ။ ဆော်လမွန်ကျွန်း အနီးအနားတ၀ိုက်မှာတော့ အရင်အတိုင်းပါပဲ။ လူထူထပ်တဲ့ဈေးကြီးတွေ၊ ဇိမ်ခံစရာသီးသန့်နေရာတွေကို မေ့ပစ်လိုက်ပါ။ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းဖို့ဦးစားပေးတဲ့ အပန်းဖြေစခန်းတွေ၊ ကျေးရွာထဲကအိမ်လေးတွေမှာနေထိုင်ရမယ်ဆိုတာကို စိတ်ထဲမှာပြင်ဆင်ထားပါ။ အကောင်းဆုံး ရေငုပ်အားကစား အတွက်တော့ နေရာတိုင်းမှာအဆင်ပြေပါလိမ့်မယ်။ အတိတ်ကာလတုန်းက လေကြောင်းခရီးစဉ်အကန့်အသတ်တွေ၊ ခက်ခဲတဲ့ပြည်တွင်းသယ်ယူပို့ဆောင်ရေးတွေ၊ အခြေခံအဆောက်အအုံရှားပါးမှုတွေ၊ ပြည်တွင်းစစ်၊ ဌက်ဖျားရောဂါတွေက ခရီးသွားတွေကို မောင်းထုတ်နေသလိုဖြစ်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ သူတို့ရဲ့ ခရီးသွားလုပ်ငန်းဟာပိုမိုလွယ်ကူလာပြီး ပြည်တွင်းစစ်လဲပြီးဆုံးခဲ့ပြီဖြစ်သလို၊ မကြာသေးမီကပဲ ခြင်ရန်ကကြောက်စရာမကောင်းတော့ပါဘူး။
၇။ အိုက်စလန်
ကောင်းကွက်များ - လှုပ်ရှားမှုများ၊ လူလည်ပါတ်မှုနည်းပါးခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း
သင့်ရဲ့ခရီးလမ်းတစ်လျှောက်မှာ တွေ့သမျှကမ္ဘာလှည့်ခရီးသည်တွေကိုမေးကြည့်ပါ။ စိတ်ကိုဖမ်းစားနိုင်တဲ့ ရှုမျှော်ခင်းတွေကြောင့်၊ အရသာရှိတဲ့သိုးသားနဲ့ ငါးတွေကြောင့် ဒါမှမဟုတ် ဒေသခံတွေရဲ့ရိုးသားတဲ့ ဖေါ်ရွေပျူဌာမှုတွေကြောင့် သူတို့အားလုံး ဒီကျွန်းနိုင်ငံငယ်လေးကို တဖြည်းဖြည်းချင်း အတိုင်းအဆမဲ့ နှစ်သက်လာတယ်ဆိုတာကို သင်သိမြင်လာပါလိမ့်မယ်။ ခရိုနာ တန်ဖိုးကို ၇၅% အထိုကျဆင်းစေခဲ့တဲ့ ငွေကြေးပြသနာကြောင့်လဲ သင့်ရဲ့ခရီးစဉ်မှာ ကုန်ကျစရိတ်နဲ့ပါတ်သတ်ပြီးအများကြီးအဆင်ပြေပါလိမ့်မယ်။
၈။ တူရကီနိုင်ငံ
ကောင်းကွက်များ - လူလည်ပါတ်မှုနည်းပါးခြင်း၊ ယဉ်ကျေးမှု၊ အစားအသောက်
တူရကီနိုင်ငံရဲ့အရှေ့တောင်ပိုင်းကိုသွားတဲ့ ဈေးသက်သာတဲ့ လေကြောင်းလိုင်းသစ်တွေဖွင့်လှစ်ထားပါတယ်။ ပြီးတော့ ကောင်းမွန်တဲ့ Bus ၀န်ဆောင်မှုတွေကလဲ သွားရလာရတာကိုလွယ်ကူစေပါလိမ့်မယ်။ သမိုင်းဝင်မြို့ဟောင်းတွေဖြစ်တဲ့ Mardin နဲ့ Midyat ကိုရှာဖွေဖေါ်ထုတ်ပါ။ Gaziantep မြို့ရဲ့ ကောင်းမွန်တဲ့ အစားအသောက်တွေကိုသုံးဆောင်ပြီး မကြာသေးခင်က တူးဖေါ်တွေ့ရှိတဲ့ Gobekli Tepe ဒေသရဲ့ရှေးဟောင်အပျက်အစီးတွေကိုလည်းလေ့လာနိုင်ပါတယ်။
၉။ ဒိုမေနီကန်
ကောင်းကွက်များ - လှုပ်ရှားမှုများ၊ ကုန်ကျစရိတ်သက်သာခြင်း၊ ပွဲလမ်းသဘင်များ
၂၀၁၂ ခုနှစ်ရဲ့ပထမ ၃လအတွင်းမှာပဲ ဒိုမေနီကန် သမ္မတနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည် ၈ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။ နိုင်ငံရဲ့အပြည်ပြည်ဆိုင်ရာလေဆိပ် ရှစ်ခုမှာရပ်နားတဲ့လေကြောင်းလိုင်းတွေနဲ့ ဒိုမေနီကန်ကို ခရီးသည်တင်အပျော်စီးသင်္ဘောတွေရဲ့ အဓိကရပ်နားရာဆိပ်ကမ်းတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့တာကြောင့် ခရီးသည်တွေဟာ နေသာပြီး သဲသောင်ထွန်းတဲ့ အပြင် ကာရစ်ဘီယန်ကဘယ်နေရာနဲ့မဆို ယှဉ်နိုင်တဲ့ ရေလွှာလျှောစီးစရာနိုင်ငံလေးကို ရောက်ရှိလာကြပါတယ်။
၁၀။ မာဒါဂါစကာ
ကောင်းကွက်များ - လှုပ်ရှားမှုများ၊ လူလည်ပါတ်မှုနည်းခြင်း၊ စွန့်စားခန်းများ
ခရီးသွားလုပ်ငန်းကိုထိခိုက်စေခဲ့တဲ့ နှစ်ပေါင်းများစွာ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ မသေချာမရေရာမှုတွေ ပြီဆုံးသွားတဲ့နောက်မှာ မာဒါဂါစကာဟာ ပြန်လည်နလန်ထူနိုင်ဖို့ အခြေအနေကောင်းတွေပိုင်ဆိုင်လာပါပြီ။ ၂၀၁၃ မှာရွေးကောက်ပွဲလုပ်ခဲ့ပြီး ဒီမိုကရေစီပန်းတိုင်ကိုချီတက်နေပါပြီ။ ခရီးသွားတွေအတွက်ကတော့ အခုအချိန်က သွားဖို့အကောင်းဆုံးအချိန်ပါ။ ခရီးသွား agent တွေရဲ့စာရင်းမှာ ဒီနိုင်ငံပြန်ပြီးပေါ်မလာခင်ပေါ့။ သားရဲတိရိစ္ဆာန်တွေအတွက်ရော ပထ၀ီဝင်အနေအထားအတွက်ပါ ရင်ခုန်စိတ်လှုပ်ရှားဖို့ ပြင်ဆင်လိုက်ပါ။ ကမ္ဘာ့စတ္တုထမြောက် အကြီးဆုံးဒီကျွန်းကြီးက မှော်ဆန်ပါတယ်။ သာမန်မဟုတ်တဲ့နေရာကို ရှာဖွေနေတဲ့သူတွေအတွက်တော့ မာဒါဂါစကာက ပျော်ရွှင်မှုတွေပေးစွမ်းနိုင်မှာတော့ မလွဲပါဘူး။
ref:lonelyplanet
No comments:
Post a Comment