ဖက်ရှင်ဆိုတာ အမျိုးသမီးတွေနဲ့သာ သက်ဆိုင်တဲ့အရာ မဟုတ်ပါဘူး။ အမျိုးသားတွေအတွက်လည်း ကိုယ်သွားမယ့်နေရာ၊ ရာသီဥတု စတာတွေနဲ့ လိုက်ဖက်ပြီး အထာကျကျ ၀တ်ဆင်တတ်ဖို့ လိုပါတယ်။ ခုပြောပြပေးမယ့် ဖက်ရှင်စတိုင်လေးတွေကတော့ ထသွားထလာကနေ ရှိုးပွဲ၊ ပါတီတွေအထိပါ အဆင်ပြေစေမယ့် လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးမှုအပြည့်ရှိတဲ့ ဒီဇိုင်းတွေပါပဲ။
၁။ သူငယ်ချင်းတွေနဲ့ ဟိုနားဒီနားသွားမယ်ဆိုရင် လွယ်လွယ်ကူကူ ကောက်စွတ်သွားလို့ရမယ့် အင်္ကျံမျိုးကို ရှာထားလိုက်ပါ။ ကိုယ်နဲ့အကြပ်ကြီးလည်း မဟုတ်၊ အရမ်းလည်း မပွလွန်းတဲ့ အင်္ကျံဆိုက်ဖြစ်ဖို့တော့ လိုတာပေါ့။ ဘောင်းဘီကိုတော့ ဂျင်းကိုသာ ရွေးချယ်လိုက်ပါ။ ပေါ့ပေါ့ပါးပါး ပုံစံလည်းဖြစ်၊ စီးမယ့် Vans လိုဖိနပ်မျိုးနဲ့လိုက်အောင် ခုလို တစ်ခေါက်လောက် ခေါက်ပြီး ၀တ်လိုက်ပေါ့။
၂။ ကိုယ့်ထက်ကြီးတဲ့ အထက်အရာရှိတွေနဲ့ အလုပ်ကိစ္စ သွားတွေ့တော့မယ်ဆိုရင်တော့ ခုလို ၀တ်ဆင်သွားလိုက်ပေါ့။
၃။ရာသီဥတုပူတာကြောင့် ပေါ့ပေါးပါးပါးပဲ ၀တ်ချင်တယ်ဆိုရင် ခုနောက်ပိုင်းထွက်လာတဲ့ စွတ်ကျယ်နဲ့ ဘောင်းဘီတိုကိုသာ ရွေးချယ်လိုက်နော်။
၎။ခရီးထွက်တဲ့အခါ၊ ဒါမှမဟုတ် ကမ်းခြေတို့ဘာတို့ အလည်အပတ်သွားဖို့ အခွင့်အရေးရှိလာတဲ့အခါ ဒီလို ဒီဇိုင်းမျိုးကို ရွေးချယ်လိုက်ပါလို့။
၅။ဟိုးအရင်ကလို ကန်းထရီးဆန်ဆန်လေး ၀တ်ချင်တယ်ဆိုရင်တော့ ဒီဖက်ရှင်နဲ့ကွက်တိပါပဲ။
Ref:lookbook.nu
No comments:
Post a Comment