အနုပညာရှင်တွေသာမက ဆယ်ကျော်သက်တွေကပါ စွဲစွဲမက်မက်ဆိုးလာတဲ့ ဆံပင်ကာလာတွေထဲမှာ ခရမ်းရောင်ဟာ ပေါ်ပြူလာအဖြစ်ဆုံး ကာလာဖြစ်လာပါတယ်။ Kelly Osbourne၊ Nicole Richie ၊ Ireland Baldwin အစရှိတဲ့ အနုပညာရှင်တွေအပြင် ခုလည်း Lauren Conrad ကလည်း ဆံပင်ခရမ်းရောင် ဆိုးလိုက်ပြန်ပါပြီ။ အဲ့ဒါနဲ့ ပတ်သက်ပြီး သူမကတော့ ‘ကျွန်မ တစ်ခါမှ ဆံပင်ခရမ်းရောင် ဆိုးဖြစ်လိမ့်မယ်လို့ ထင်မထားဘူး။ ဒါပေမယ့် ဆံပင်ခရမ်းရောင်နဲ့ ကောင်မလေး တော်တော်များများကို တွေ့ပြီးတဲ့နောက်ပိုင်း ကိုယ်တိုင်လည်း ဆိုးချင်လာတာနဲ့ ခုလိုဆိုးဖြစ်သွားတာ။’ လို့ ပြောပါတယ်။
ဆံပင်ပညာရှင်တွေကလည်း ဒီနှစ်အတွက် လူကြိုက်အများဆုံးကာလာဟာ ခရမ်းရောင်ဖြစ်လိမ့်မယ်လို့ ဆိုထားတာကြောင့် ခုလိုအဆိုးများနေတာဖြစ်ပေမယ့် ခရမ်းရောင်ကာလာဆိုးမယ်ဆိုရင် ကိုယ့်ရဲ့ဖက်ရှင်ပိုင်းကိုပါ ဂရုစိုက် ၀တ်ဆင်ဖို့ လိုအပ်တယ်လို့လည်း သူတို့က ပြောသွားပါသေးတယ်။
Ref:Luckymag.com
No comments:
Post a Comment