Social Icons

Sunday, December 14, 2014

Shion - ဆီဘောက်ဆာယာဉ် မီးလောင်မှု (၁)ဦးသေဆုံး


အင်းစိန်မြို့နယ်၊ အောင်ဇေယျတံတား အဆင်းတွင် ဆီဘောက်ဆာကား မီးလောင်မှုဖြစ် (၁)ဦးသေဆုံး





ရန်ကုန်၊ ဒီဇင်ဘာ ၁၄


၁၄.၁၂.၂၀၁၄ ရက်နေ့ ၁၃၀၃ အချိန်တွင် အင်းစိန်မြို့နယ်၊ ကမ်းနားအနောက် ရပ်ကွက်၊ အောင်ဇေယျ တံတားအောက် စက်သုံးဆီ အရောင်းဆိုင်တွင် ဆီဘောက်ဆာ ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။



ဖြစ်စဉ်မှာ အဆိုပါ စက်သုံးဆီဆိုင်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီး မြို့နယ်နေ ယာဉ်မောင်း နန်းအောင်၊ (၃၄)နှစ်မောင်းနှင်သည့် 5F---- NISSAN DIESEL အမျိုးအစား ဂါလံ(၃၈၀၀)ဆံ့ ဆီဘောက်ဆာယာဉ်ပေါ်သို့ ယာဉ်နောက်လိုက်ဖြစ်သူ နိုင်မျိုးလင်း၊ (၂၁)နှစ်၊ နွားထိုးကြီးမြို့နယ်နေသူမှ ဒီဇယ်ဆီများဖြည့်သွင်းစဉ် အော့တိန်းဆီဖြင့် အသုံးပြုထားသော ဘောက်ဆာအား အပ်ကြိုးမချမိဘဲ ဆီဖြည့်သွင်းခဲ့ရာမှ အော့တိန်းဆီတွန်းကန်ကာ ဆီဘောက်ဆာပွင့်၍ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ မီးလောင်ရာသို့ မီးသတ်ယာဉ်များနှင့် တာဝန်ရှိသူများ ရောက်ရှိငြှိမ်းသတ်ခဲ့၍ ၁၃:၄၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။




၎င်းဆီဘောက်ဆာ ယာဉ်မီးလောင်မှု ဖြစ်ပွားရာတွင် ယာဉ်နောက်လိုက်ဖြစ်သူ နိုင်မျိုးလင်းမှာ မီးလောင်ခံခဲ့ရပြီး သေဆုံးသွားခဲ့ပါသည်။


ယင်းသို့ မီးလောင်မှု ဖြစ်ပွားခဲ့သည့် အတွက် ယာဉ်မောင်းဖြစ်သူ နန်းအောင်အား အင်းစိန်မြို့မရဲစခန်း (ပ)၁၃၄၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅/၃၀၄-ကဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Ref : သစ်ထူးလွင် ( Yangon Police )

1 comment:

  1. Hello I'am Chris From France!!
    this is not a "spam"
    You Have A Wonderful Blog Which I Consider To Be Registered In International Blog Dictionary. You Will Represent Your Country
    "Directory Blogspot" is 15 million visitors! .193 Country. 18000 Websites
    Please Visit The Following Link And Comment Your Blog Name
    Blog Url
    Location Of Your Country Operating In Comment Session Which Will Be Added In Your Country List
    On the right side, in the "green list", you will find all the countries and if you click them, you will find the names of blogs from that Country.
    Imperative to follow our blog to validate your registration.Thank you for your understanding
    http://world-directory-sweetmelody.blogspot.com/
    Happy Blogging
    ****************
    I wish you and your family a Merry Christmas
    A small gift for you
    **********************
    http://nsm08.casimages.com/img/2014/12/08//14120811133512502812779261.gif

    ReplyDelete

 
Blogger Templates