Social Icons

Sunday, December 7, 2014

Shion - ကရင်(မ်)အရသာနဲ့ အာလူးကတ်သလိတ် အချိုပွဲ


အာလူးကတ်သလိတ် ဆိုတာ အလွန်စားလို့ကောင်းတဲ့ အချိုပွဲတစ်ပွဲဖြစ်ပြီး ပြုလုပ်ရလွယ်ကူသလို ကုန်ကျစရိတ်လည်း သက်သာပါတယ်။ အခုဖော်ပြပေးမယ့် အချိုပွဲကတော့ နူးညံ့ပြီး ကရမ်အရသာပါတဲ့ အာလူးကတ်သလိတ်ကို ဘယ်လိုပြုလုပ်ရတယ်ဆိုတဲ့ လုပ်နည်းအဆင့်ဆင့်လေးပါ။


ပါဝင်တဲ့ ပစ္စည်းများကတော့

(၁) အနေတော်အရွယ် အာလူး (၄) – (၅)လုံး

(၂) နွားနို့ တစ်ဖန်ခွက် (သို့မဟုတ်) တစ်ဝက် (ကရင်မ်များများလိုပါက နို့များများထည့်ပါ)

(၃) ထောပတ် စားပွဲတင်ဇွန်း (၃)ဇွန်း (သို့မဟုတ်) (၄)ဇွန်း

(၄) ဆားအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့် -



(၁) အာလူးကို ရေစင်အောင်ဆေးပြီး အခွံခွာပါ။


(၂) အာလူးပြုတ်ရာတွင် မြန်မြန်နူးစေရန်အတွက် သင့်တင့်ရုံ အတုံးလေးတွေ တုံးပါ။


(၃) အာလူးကို (၁၅)မိနစ်ခန့်ပြုတ်ပြီးလျှင် ခက်ရင်းဖြင့်ထိုးဆွကြည့်ပါ။ အလွယ်တကူ ကွဲနိုင်ပြီဆိုရင် မီးပိတ်လိုက်ပါ။


(၄) အာလူးပြုတ်နေစဉ်အတွင်း နွားနို့ကို နွေးနေအောင် အပူပေးထားပါ။ ထောပတ်အနည်းငယ်ကိုလည်း ရေခဲသေတ္တာထဲမှ ထုတ်ထားပါ။


(၅) အာလူးပြုတ်ရေများကို သွန်ထုတ်လိုက်ပြီး အိုးကို မီးဖိုပေါ် ပြန်တင်ထားပါ။


(၆) ပြီးလျှင် ထောပတ်အနည်းငယ်ထည့်ပြီး အာလူးများကို ကြေညက်နေစေရန် ချေမွပေးပါ။ ဒီအဆင့်လုပ်နေစဉ်အတွင်း အာလူးမအေးသွားစေရန် လိုအပ်ပါက မီးအနည်းဆုံးလျော့၍ အပူပေးထားနိုင်ပါတယ်။


(၇) ထောပတ်နဲ့ အာလူးသမသွားပြီဆိုရင် အပူပေးထားတဲ့ နွားနို့ကိုပါ ထပ်ထည့်ပြီး အာလူး စေးသထက် စေးလာအောင် ဆက်လက်မွှေပေးပါ။ လိုချင်တဲ့ အနေအထားရောက်ပြီဆိုရင်တော့ အရသာ ရှိစေရန် ဆားအနည်းငယ်ထည့်ပြီး သမအောင် ထပ်မွှေပါ။


ပြီးရင်တော့ အခုလိုမျိုး ဆလပ်ရွက်လေး ဖြန့်ခင်းပြီး နှစ်သက်ရာ အမွှေးရွက်လေးတွေနဲ့ အလှဆင် စားသုံးနိုင်ပါတယ်။ ဒီအချိုပွဲက လူနှစ်ယောက်စာအတွက် ကောင်းကောင်းလုံလောက်ပါတယ်။

Ref:wikihow

No comments:

Post a Comment

 
Blogger Templates