Vodka အရက်စိမ် ဖရဲသီး
လှိမ့်ထွက်မသွားအောင် ပဝါလေးတစ်ခုနဲ့ ဖရဲသီးရဲ့ အောက်မှာ ခံထားပါ။ သင်ရွေးချယ်ထားတဲ့ Vodka အရက်ပုလင်းရဲ့ လည်တိုင်အရွယ်စားလောက်ရှိ အပေါက်တစ်ခုကို ဓားနဲ့ဖေါက်လိုက်ပါ။ ဇွန်းတစ်ချောင်း အသုံးပြုပြီး ဖရဲသီးအသား တချို့ကို ကလှော်ထုတ်ပေးပါ။ နောက်ပြီး ခုန ဖေါက်ခဲ့တဲ့ အပေါက်ထဲသို့ Vodka ပုလင်းကို ယောက်ထိုး,ထိုးစိုက်လိုက်ပါ။ ဖရဲသီးရဲ့အရွယ်အစားပေါ်မူတည်ပြီး ၄ နာရီကနေ ၁၂ နာရီအတွင်း သစ်သီးမှ Vodka ကို စုပ်ယူသွားမှာပါ။ နောက် ထပ်ခြမ်းခြမ်းပြီး သုံးဆောင်လို့ရပါပြီ (ဒါပေမဲ့ အစိပ်သေးသေးတော့ လုံးဝ မစိပ်ပါနဲ့)။
ဖရဲသီးသုပ်
ဖရဲသီးတစ်လုံးကို လေးခြမ်း ခြမ်းလိုက်ပါ။ ဖရဲသီးရဲ့ အနီရောင်အသားနဲ့ အဖြူရောင်အခွံကြားမှာ အနားတစ်လျောက်ခွဲထုတ်ပါ။ တစ်ခုနဲ့တစ်ခု ၁ လက်မလောက်ဝေးတဲ့ ကန့်လန့်ဖြတ်ကြက်ခြေခတ် ပုံစံ လှီးပါ။ နောက် ၁လက်မလောက် အရွယ်အစားနဲ့ အလျားလိုက် လှီးဖြတ်ပါ။ နောက် အရသာကောင်းပြီး ချိုမြိန်တဲ့ အသုပ်လေး လုပ်စားဖို့ နို့မုန့်၊ အငန်ဓာတ်ပါမလိုင်၊ လတ်လတ်ဆတ်ဆတ်ချေထားတဲ့ပင်စိမ်း၊ သံလွင်ဆီ နဲ့ ချေမွထားတဲ့ ငရုတ်ကောင်းပင် ပေါင်းထည့်ပေးပါ။
Source: epicurious
No comments:
Post a Comment