ဖက်ရှင်ရေစီးကြောင်း ဆက်လက်စီးဆင်းနေသရွေ့ ဘယ်တော့မှ ပျက်သုန်းမသွားမယ့် ဖက်ရှင်ဒီဇိုင်းတွေထဲမှာ အကွက်တွေ၊ အစက်အပြောက်တွေ၊ ပန်းပွင့်ပန်းခက်တွေ ပါဝင်နေပါတယ်။ တကျော့ပြန်စီးဆင်းတဲ့ ဖက်ရှင်မျိုးထက် ဈေးကွက်ထဲမှာ အမြဲတမ်း တွေ့နေရတဲ့ ဖက်ရှင်ကတော့ အကွက်ဖက်ရှင်ပါပဲ။ အကွက်တွေထဲမှာမှ အနီကွက်၊ အနက်ကွက်တွေဟာ ပျိုမေတွေ ရွေးချယ်မှုအများဆုံး ဒီဇိုင်းတွေထဲက တစ်ခုဖြစ်ပြီး ခုလက်ရှိမှာလည်း ဈေးကွက်ထဲ အရောင်းရဆုံး ဒီဇိုင်းတွေ ဖြစ်နေဆဲပါ။
၁။ Pencil စကတ်လိုမျိုး ပုံမှာပြထားတဲ့ စကတ်အကွက်ကို များသောအားဖြင့် အပေါ်က အနက်ရောင်၊ သို့မဟုတ် အဖြူရောင်နဲ့သာ တွဲဝတ်ကြမှာပါ။ခုလို cropအင်္ကျီလေးနဲ့အပြောင်းအလဲလေး တွဲဝတ်ကြည့်ပါလား။ အထာကျမှာ အသေအချာပဲနော်။
၂။အကွက်ကို များသောအားဖြင့် လက်ပြတ်တွေသာ ချုပ်ကြတာ များပေမယ့် ဒီလို ဒီဇိုင်းမျိုးဆို ရုံးသွား၊ ရုံးပြန်တောင် ၀တ်လို့ရနေပါသေးတယ်။
၃။အခုလို ဆောင်းရာသီ ချမ်းအေးတဲ့အချိန်မှာ ဆိုရင်တော့ ဒီလိုcheck design လေးတွေက သင့်ကိုအဆင်ပြေစေမှာပါ။
၎။အခုလို ဆောင်းရာသီ အခါမျိုးမှာ ပေါ့ပေါ့ပါးပါး သွားသွားလာလာ လုပ်ရတော့မယ် ဒါမျိုးလေး ဝတ်ကြည့်လိုက်ပါ။
၅။အကွက်ဂါဝန်ပေါ်မှာ ဒါမျိုး cropလက်ရှည်လေး ထပ်ဝတ်လိုက်လဲ ဖြစ်တာပဲလေ။ဒါလဲ fashion တစ်မျိုးပေါ့။
၆။စကတ်အကွက်ကို ဒီလိုအင်္ကျံမျိုး၊ ဒီလိုဖိနပ်မျိုးနဲ့ တွဲဝတ်လိုက်မယ်ဆိုရင် တော်တော်ကို အထာကျသွားတာနော်။
၇။စကတ်အကားလေးတွေဆိုရင် ခုလိုအင်္ကျံကို အထဲထည့်ဝတ်ပြီး ချစ်စရာကောင်းအောင် ၀တ်ကြည့်လိုက်ပေါ့။Accessory အဖြစ် ဦးထုပ်တို့၊ မျက်မှန်တို့နဲ့ပါ တွဲဝတ်လိုက်တော့ ပိုပြီး အထာကျသွားတာပေါ့။
၈။ရှပ်အင်္ကျံပုံစံမျိုး တစ်ထည်လောက်ရှိရင်ရုံနဲ့ နှစ်မျိုးခွဲဝတ်လို့ရတယ်နော်။
၉။မိမိကောက်ကြောင်းအလှလည်းပေါ် ၊ sexy ကျကျလဲဝတ်ချင်တယ် ဆိုရင်တော့ ဒီလိုမျိုးလေး ဝတ်လိုက်ပါ။
၁၀။ပေါင်တစ်ဝက်လောက်ရှည်တဲ့ ရှပ်အင်္ကျံဒီဇိုင်းမျိုးတွေက နောက်ဆုံးပေါ်တွေ ဖြစ်ပြီး ပျိုမေတွေ နှစ်ခြိုက်စေမယ့်ဒီဇိုင်းတစ်မျိုးပါပဲ။
၁၁။အကွက်ဆိုရင် အကျပ်တွေထက်စာရင် ခုလို Boyfriend jean လေးတွေချုပ်ဝတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။အမြင်တစ်မျိုး ဆန်းစေတာပေါ့။
၁၂။boyfriend နဲ့ သွားတွေ့မယ့်အခါမျိုး ဆိုရင်တော့ T-shirt အလန်းစား၊ ဒါမှမဟုတ် မိန်းကလေးဆန်ဆန်လေး ဝတ်ဆင်သွားမယ် ဆိုရင်တော့ style တစ်မျိုးနဲ့ လန်းနေမှာ အမှန်ပဲနော်။
၁၃။shopping ထွက်တဲ့အခါမျိုးမှာလဲ ဒါမျိုးလေးလန်းလို့ ရတယ်နော်။
၁၄။ပေါ့ပေါ့ပါးပါး ဟိုနားဒီနားလေး ဆိုရင်တော့ ဒီလိုမျိုးပေါ့။
၁၅။ဧည့်ခံပွဲတို့ Dinner တို့ တက်တဲ့အခါမျိုးမှာလည်း အကွက်(check)ဖက်ရှင်မျိုးနဲ့ တက်လို့ရတယ်နော်။ ရိုးတယ်လို့ ထင်ရပေမယ့် အများအလည်မှာ သင်ဟာ တစ်မူထူးခြားတဲ့ fasionတစ်မျိုးနဲ့ အမြင်ဆန်းနေမှာ အသေအချာပဲနော့်။
ကဲ ဒီလောက်ဆိုရင်တော့ အကွက်(check)ဖက်ရှင်နဲ့ ပတ်သတ်ပြီး တော်တော်စုံသလောက်လဲ ရှိသွားပြီနော်။ အဲဒီတော့ ကိုယ်ကြိုက်တဲ့ style နဲ့သာ လန်းလိုက်ကြပေတော့ ဘော်ဘော်တို့ရေ..
No comments:
Post a Comment