Social Icons

Wednesday, December 10, 2014

Shion - မျက်မမြင်တွေကို စာဖတ်ပြမည့် လက်စွပ်


Massachusetts နည်းပညာတက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ လက်ညှိုးမှာ ၀တ်ဆင်ထားတဲ့သူကို ပုံနှိပ်စာလုံးတွေနဲ့ ချက်ချင်းထိတွေ့နိုင်စေပြီး အသံနဲ့စာဖတ်ပြနိုင်တဲ့ကရိယာ ကိုတီထွင်နေပါပြီ။

FingerReader လို့အမည်ရပြီး သုံးဖက်မြင် 3-D printer နဲ့ထုတ်လုပ်ထားတဲ့ မူလပုံစံ ကရိယာဟာ စာလုံးတွေကို ဖတ်နိုင်တဲ့ ကင်မရာအသေးတစ်လုံးနဲ့ တပ်ဆင်ထားတာဖြစ်ပြီး အသုံးပြုသူရဲ့ လက်ချောင်းပေါ်မှာ လက်စွပ်တစ်ကွင်းလို ၀တ်ဆင်လို့ ရစေမှာဖြစ်ပါတယ်။ စက်နဲ့ထုတ်လုပ်တဲ့ အသံဟာ စကားလုံးတွေကို ကျယ်လောင်စွာနဲ့ ဖတ်ပြပြီး အထူးသဖြင့် အိမ်မဟုတ်တဲ့နေရာတွေ ဒါမှမဟုတ် ရုံးတွေမှာ စာအုပ်တွေ၊ စားသောက်ဆိုင်က menu တွေနဲ့ နေ့စဉ်ဘ၀မှာ လိုအပ်တဲ့ အရာတွေကို အလျှင်အမြန်ပဲ ပြန်ဆိုပေးမှာဖြစ်ပါတယ်။

စာဖတ်ရတာဟာ စာလုံးကို လက်နဲ့လိုက်ထောက်သလောက် လွယ်ကူမှာဖြစ်ပါတယ်။ အထူးဆော့ဖ်ဝဲ ကလက်ချောင်းရွှေ့လျားမှုကိုခြေရာခံ၊ စကားလုံးတွေကို ခွဲခြားဖေါ်ထုတ်ပေးပြီး သတင်းချက်အလက်တွေကို ဆက်လက် လုပ်ဆောင်ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။ ဒီကရိယာမှာ စာဖတ်သူတွေ စာလုံးနေရာနဲ့လွဲချော်သွားတဲ့ အခါ သတိးပေမယ့် တုန်ခါနိုင်တဲ့ မော်တာတွေပါဝင်တယ်လို့ MIT မီဒီယာဓာတ်ခွဲခန်းမှာ ဒီကရိယာကိုတီထွင်ဖန်တီးနေတဲ့ Roy Shikrot ကပြောပါတယ်။

အသက် ၆၂ နှစ်အရွယ်မျက်မမြင် Jerry Berrier ကတော့ ဒီ FingerReader ရဲ့ မျှော်လင့်နိုင်ရတဲ့အရာက အလွယ်တကူသယ်ဆောင်အသုံးပြုနိုင်မှုနဲ့ စာသင်ကျောင်း၊ ဆရာဝန်ရုံးခန်းနဲ့ စားသောက်ဆိုင်တွေမှာ အချိန်နဲ့တပြေးညီ လုပ်ငန်းလုပ်ဆောင်နိုင်မှုတွေဖြစ်ပါတယ်လို့ပြောပါတယ်။

‘ကျွန်တော် ဆရာဝန်ရုံးခန်းကိုသွားတဲ့အခါမှာ ကျွန်တော်လက်မှတ်မထိုးခင် ဖတ်ကြည့်ချင်လောက်တဲ့ အမေးအဖြေပုံစံတွေရှိနိုင်ပါတယ်’ လို့ Berrier ကပြောပါတယ်။

Berrier ဟာ Massachusetts နဲ့ Rhode Island ဒေသတွေက အကြားအမြင်ချို့တဲ့နေပြီး ၀င်ငွေနည်းပါးတဲ့ လူတွေကို နည်းပညာဖြန့်ဝေပေးတဲ့ ဗဟိုအစိုးရအစီအစဉ်အတွက် လေ့ကျင့်ရေးနဲ့ တန်းဖိုးသတ်မှတ်ရေး စီမံခန့်ခွဲနေတဲ့သူဖြစ်ပါတယ်။ Watertown, Massachusetts မှာရှိတဲ့ မျက်မမြင်ကောင်း the Perkins မှာလည်းသူအလုပ်လုပ်ပါတယ်။

Ref:huffingtonpost.com

No comments:

Post a Comment

 
Blogger Templates