အရင်ကဆို headphone နဲ့ သီချင်းနားထောင်တယ်ဆိုတာ အိမ်မှာပဲ လုပ်လေ့လုပ်ထ ရှိကြတာပါ။ အပြင်သွားရင်တော့ earphone လောက်ပဲ ယူသွားလေ့ရှိကြတာလေ။ ဒါပေမယ့် ခုနောက်ပိုင်းတော့ ဒီဇိုင်းအမျိုးမျိုးနဲ့ အထာကျတဲ့ headphone တွေ ဈေးကွက်ထဲ ၀င်လာတာကြောင့်ရော နိုင်ငံတကာက အနုပညာရှင်တွေရဲ့ ဖက်ရှင်ကြောင့်ပါ headphone ကို အပြင်သွားတဲ့ ထသွားထလာချိန်တွေမှာတောင် ယူသွားပြီး အထာကျအောင်လည်း ဆင်မြန်းလာကြပါတယ်။ Headphone ကို လည်ပင်းမှာချိတ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လမ်းလျှောက်သွားလာနေတဲ့ လမ်းပေါ်က ကောင်လေး၊ ကောင်မလေးတွေကိုမြင်မိရင် ဘယ်သူမဆို သဘောကျကြမှာပဲ။ ဒါ့ကြောင့် ဘယ်လို headphone လေးတွေကို ဘယ်လိုအထာကျအောင် ဆင်မြန်းရင်း ဖက်ရှင်ကျကျနေရမလဲဆိုတာ ဖော်ပြပေးလိုက်တယ်နော်။
၁။ဒီမှာ အတွေ့ရနည်းတဲ့ ဖက်ရှင်ပါ။ မိန်းကလေးတွေက ပိုက်ဆံအိတ်ကို ဒီလိုခါးမှာပတ်တာမျိုး၊ ခါးပတ်အိတ် ဆင်မြန်းတာမျိုး ရှားပါတယ်။
၂။မိန်းကလေးဆန်ဆန် ၀တ်တဲ့အချိန် headphone နဲ့ အိုကေပါ့မလား တွေးစရာမလိုဘူးနော်။ ဒီလို အထာကျအောင် ၀တ်လို့ရတယ်။
၃။ထသွားထလာမဟုတ်တဲ့ ပါတီ၊ ရှိုးပွဲ စတဲ့နေရာတွေကိုလည်း ဒီလိုအမိုက်စား ပြင်ဆင်သွားလို့ရတာပဲ။
၎။လူငယ်ဆန်ဆန် သွားလာတတ်တဲ့သူတွေအတွက်တော့ ဒီလိုဖက်ရှင်နဲ့ ကွက်တိပေါ့။
၅။ရုံးသွား ရုံးပြန်လည်း headphoneလေးနဲ့ အိုကေတာပါပဲ။
Ref:elle.com