ဖန်တီးရမဲ့ apk ဖိုင်လေးရဲ့ အကြောင်းကတော့ အင်တာနက်ပေါ်မှာ မိမိ သဘောကျတဲ့ ဆိုဒ်ကလေးတွေကို ဖုန်းထဲမှာ ဖုန်းScreen နဲ့fix အဖြစ် ဖတ်ရှ့လို့ရအောင် ကိုယ်တိုင်လုပ်ကြည့်မှာပါ။
ပထမဆုံးဖိုင်ဖန်တီးမဲ့ ၀က်ဆိုဒ် ဆီကို သွားပါ။
ကဲ ပြီးရင် ဒါလေးတွေ ဆက်လုပ်ကြစို့..
Create Now ဆိုတာကို ကလစ်နှိပ်ပါ။
Website ဆိုတာကို ကလစ်နှိပ်ပါ။
website url ဆိုတဲ့ နေရာမှာ မိမိ ပြုလုပ်လိုတဲ့ ဆိုဒ်ရဲ့ လိပ်စာကို အပြည့်အစုံ ထည့်ပေးပါ။ Shion ကတော့ ရှီအွန် ရဲ့ ဘလော့ လိပ်စာ http://www.gypsylayshion.blogspot.com/ ဆိုတာကိုထည့်လိုက်ပါတယ်။ http:// ဆိုတာလေးက ပါမှ ရမှာပါ။ ပြီးရင် app name ဆိုတဲ့နေရာမှာ မိမိဖန်တီးထားတဲ့ app ရဲ့နာမည်ကို ပေးချင်သလို ပေးလို့ရပါတယ်။ ရှီအွန်ကတော့ " Gypsylay Shion "လို့ပဲပေးလိုက်ပါတယ်။
description ဆိုတဲ့နေရာမှာတော့ ဘာမှ မပေးပါဘူး။ အောက်က icon ဆိုတဲ့နေရာမှာ default icon ကိုရွေးထားပါတယ။် custume ကို ရွေးရင်တော့ သူက မိမိတို့app ကို စိတ်ကြိုက်icon လေးနဲ့ လုပ်နိုင်ဖို .jpeg ဖိုင်လေးကို upload တင်ခိုင်းမှာပါ ။ screen orientation ကိုတော့ auto ပဲပေးပါမယ် ။ စိတ်ကြိုက်ထားလို.ရပါတယ် ။ catagory ကိုတော့ blog ပဲပေးထားပါတယ် စိတ်ကြိုက်ထားလို့ရပါတယ် ကိစ္စ မရှိပါ။
ပြီးရင်တော့ create app ကိုကလစ်နှိပ်ပါ။
ဒါဆိုရင်တော့သူက သူ့ဆီမှာ အကောင့်ဖွင့်ဖို.အတွက် form ဖြည့်ပေးရမှာပါ ဖြည့်ပေးလိုက်ပါ။ ပြီးရင် I agree with----- ကို check box မှာ အမှန်ခြစ်လေးပေးလိုက်ပါ။ ပြီးရင်တော့ sign up ကိုနှိပ်လိုက်ပါ။
ကဲ Shion တို့ apk file လေးတစ်ခုရသွားပါပြီ။ အဲ့ဒီ ဖိုင်လေးကို ဒေါင်းဖို့အတွက် အပေါ်က ပုံမှာ ပြထားသလို download ဆိုတာကို နှိပ်ပြီး ဒေါင်းနိုင်ပါတယ။် မိမိ လုပ်ထားတဲ့ apk လေးကို ရှယ်ချင်တယ် ဆိုရင်လည်း လင့်လေးကို သူများတွေကို ပေးပြီး ရှယ်နိုင်ပါတယ်။
( Screen တွင် previewပေါ်စေချင်ရင် အမဲရောင် Screen ပေါ်တွင် ကလစ်တစ်ချက်နှိပ်ပေးပါ) ဒါဆိုရင်တော့ အဆင်ပြေမယ် လို့ယူဆပါတယ်။
-------အားလုံးပျော်ရွှင်ပါစေ------------
Shion
No comments:
Post a Comment